မန်ယူအသင်း၏ စပိန်လက်ရွေးစင်ဂိုးသမား ဒီဟေးယားသည် ကလပ်အသင်းဖြစ်သည့် မန်ယူအသင်းမှ ထွက်ရန်ဆန္ဒမရှိဘဲ အသင်းတွင် နေရာရရန်သာ ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဟေးယားသည် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးပြီး ၎င်းအနေဖြင့် ယူရိုပြိုင်ပွဲအပြီးတွင် ကလပ်အသင်းသို့ပြန်ကာ ရာသီကြိုပြင်ဆင်မှုများ၌ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းတွင် အခြားဂိုးသမား ဒင်းန်ဟန်ဒါဆန်နှင့် နေရာလုနေရသူ ဒီဟေးယားသည် အသင်းတွင် လစာငွေအများဆုံံးအဖြစ် တစ်ပတ် ပေါင်(၃၇၅၀၀၀)ရနေသူ ဖြစ်သည်။