ဒီကြားရက်မှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ ဗီလာရီးရဲယ် တို့ရဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကို ကစား သွားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင်ဟာ အဆိုပါ ပွဲကြီးပွဲကောင်း မတိုင်မီ သူ့ရဲ့ ခန့်မှန်းချက်ကို သုံးသပ် သွားခဲ့ပါတယ။်
ဗီလာရီးရဲယ် vs မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါလိဂ် ဖိုင်နယ်ကို ရေပန်းစားတဲ့ အသင်း အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းတို့ရဲ့ ပြိုင်ဘက်ဟာ ဒီရာသီ ယူရိုပါလိဂ်မှာ လုံး၀ ရှုံးပွဲမရှိ ကစားထားခဲ့တဲ့ အသင်း ဖြစ်ပြီး ဒီအသင်းကို ကိုင်တွယ်နေတဲ့ မန်နေဂျာ အူနိုင်းအမ်မရီ ကလည်း ဒီဖလားကို ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးထားခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး မန်နေဂျာ ဖြစ်ပါတယ်။
အိုလီဂန်နာဆိုးရှား ကတော့ ယူနိုက်တက် မန်နေဂျာ ဘ၀ သူ့ရဲ့ ပထမဦးဆုံး ဆုဖလားကို ရယူသွားရန် ဆန္ဒပြင်းပြလျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီလို အောင်မြင်မှုကို ရယူဖို့ ကြိုးပမ်းရာမှာ ယူနိုက်တက် အနေနဲ့ ဒဏ်ရာ ရနေတဲ့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယား မပါဘဲ လုပ်သွားရဖို့ များနေပါတယ်။
ကျွန်တော် ကတော့ ယူနိုက်တက်ဟာ ဒီရာသီ တစ်လျှောက်လုံး သူတို့ရဲ့ အစွမ်းထက်ဆုံး လက်နက် တစ်ခု ဖြစ်တဲ့ တန်ပြန်တိုက်စစ်ကို အသုံးပြုသွားနိုင်ဖို့ အတွက် စပိန် ကလပ်ကို ဘောလုံး ပိုင်ဆိုင်မှု တစ်ချို့ ပေးသွားဖို့ ရှိနေပါတယ်။ ဗီလာရီးရဲယ် ကလည်း ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်ဟာ ဘယ်လောက် ထက်မြက်သလဲ ဆိုတာ ကောင်းကောင်း သိနေမှာပါ။
ဒါပေမယ့်လည်း အဝါရောင္ ရေငုပ္သင်္ဘောတို့ဟာ ယူနိုက်တက် ဘက်ကို ဂိုးသွင်းနိုင်တဲ့ လုံလောက်တဲ့ အရည်အသွေး ရှိနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ သို့ပေမယ့် ပွဲအပြီးမှာ ယူနိုက်တက်တို့ ဆုဖလား ကိုင်မြှောက် သွားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
အိုဝင်ရဲ့ ခန့်မှန်းချက် : ဗီလာရီးရဲယ် ၁-၂ မန်ယူနိုက်တက်