ဒေါ့မွန် တောင်ပံ ကစား သမားလေး ဂျေဒန် ဆန်ချို က သူ ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဆီမပြောင်းရွှေ့ ဖြစ်ခဲ့တာ နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကို အတိတ်မှာ ချန်လှပ် ထားနိုင် ခဲ့ပြီလို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဆန်ချို ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက မန်ချက်စ တာ ယူနိုက်တက် နဲ့ သတင်း အကြီးအကျယ် ထွက်ခဲ့ပြီး အဆုံးသတ် မှာတော့ အပြောင်း အရွှေ့ မဖြစ်မြောက်ခဲ့ သူ ဖြစ်ပါတယ် ။
ယူနိုက်တက် ဟာ သူတို့ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ ဂျေဒန်ဆန်ချို ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် ကိုဗစ် ကာလ အတွင်းမှာ ဒေါ့မွန် အသင်း ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ( ပေါင် ၁၀၈ သန်း ) ကို မပေးချေ လိုခဲ့တာ ကြောင့် အပြောင်း အရွှေ့ မဖြစ်မြောက် လာခဲ့ ပါဘူး ။
အဆိုပါ ကိစ္စဟာ ဆန်ချို ကို စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှု ဖြစ်စေခဲ့ ပုံရပြီး ဒီနှစ် ဘောလုံး ရာသီမှာ ပုံစံ ကျဆင်း လာခဲ့ ပါတယ် ။ မကြာခင် က ထုတ်ခံ လိုက်ရတဲ့ ဒေါ့မွန် နည်းပြဟောင်း လူစီယန် ဖာဘရီ နဲ့ အသင်း အမှုဆောင် မိုက်ကယ် ဇော့ တို့ ဟာ ဆန်ချို ရဲ့ ခြေစွမ်းကျမှု အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းကို အပြစ်တင် ခဲ့ကြပါတယ် ။
ဆန်ချို ဟာ ၂၀၂၀ ကုန်ဆုံး ခါနီးမှာ ပုံစံကောင်းတွေ ပြန်လည် ရရှိ လာခဲ့ပြီး လိုက်ပ်ဇစ် ကို ၃ – ၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲ အပါအဝင် နောက်ဆုံး ၃ ပွဲမှာ ဂိုးတွေ ဆက်တိုက် သွင်းနိုင် လာခဲ့ ပါတယ် ။ လိုက်ပ်ဇစ် နဲ့ ပွဲ အပြီးမှာတော့ ဆန်ချို က သူ ဟာ အရင်တုန်းက ပုံစံ ကို ပြန်ရလာပြီ လို့ ယုံကြည်မိကြောင်း နဲ့ ပြီးခဲ့တဲ့ ကိစ္စတွေ ကို အတိတ် မှာ ချန်လှပ် ထားနိုင် ခဲ့ပြီလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
“ဒီရာသီ က ကျွန်တော့ ဘ၀ မှာ အခက်ခဲဆုံး ဆိုတာ ငြင်းစရာကို မရှိခဲ့ ပါဘူး ။ ဒါပေမယ့် အခု ကျွန်တော် ပြီးခဲ့တာတွေ ကို နောက်မှာ ချန်ထား နိုင်ခဲ့ပြီလို့ ထင်ပါတယ် ။ ကျွန်တော့ ရဲ့ ကစားပွဲတွေ အတွက် ပဲ အာရုံစိုက်ပြီး ရှေ့ဆက် သွားတော့ မှာပါ”
“လေ့ကျင့်ရေး ကွင်းမှာ ရော ပွဲထဲမှာပါ ကျွန်တော် အပြင်းထန်ဆုံး ကြိုးစား အားထုတ် ခဲ့ ပါတယ် ။ အခု ဒီ အားထုတ်မှုတွေ ရဲ့ အကျိုးဆက်ကို ပြန်ရလာပြီ လို့ လည်း ထင်ပါတယ် ။ အဲ့ဒိ အတွက် လည်း ကျွန်တော် ပျော်ရွှင် ရပါတယ် ။ ဂိုးတွေ သွင်းနိုင်တာ ၊ ဂိုးတွေ ပြန်ဖန်တီးနိုင်တာ တွေ အတွက်လည်း ဝမ်းသာ မိပါတယ်” လို့ ဆန်ချို က ပြောဆို သွားခဲ့ ပါတယ် ။
ဒေါ့မွန် ဟာ နည်းပြ လူစီယန် ဖာဘရီ ကို ထုတ်ပယ် ထားပြီး လက်ထောက် နည်းပြ တာဇစ် ကို ယာယီ တာဝန် ပေးအပ် ထားပါတယ် ။ အသင်း ကို ၂၀၁၈ ကတည်းက လက်ထောက် နည်းပြ အဖြစ် ရောက်ရှိ နေတဲ့ အီဒင် တာဇစ် ကတော့ ဆန်ချို ဟာ သူ ရှိနေစဉ် အတွင်းမှာ ဆက်တိုက် တိုးတက် လာတဲ့ ကစား သမား ဖြစ်ကြောင်း ပြောဆို သွားခဲ့ပြီး ဒေါ့မွန် နဲ့ ဆက်လက် မြင်တွေ့ နိုင်ဖို့ မျှော်လင့် ထားကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။
“ပြီးခဲ့တဲ့ လ က စပြီး ဂျေဒန် ဆန်ချို က သူ့ရဲ့ အကောင်းဆုံး ပုံစံ ကို ပြန်ရလာခဲ့ ပါတယ် ။ ကစား သမား တစ်ယောက် အတွက် ခြေကျတာ ခြေတက်တာ ဆိုတာ ဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ ။ ဒါကို သူလည်း ကောင်းကောင်း သိပါတယ် ။ သူ့ရဲ့ စိတ်ဓါတ် နဲ့ ခံယူချက် က တော့ အရင်အတိုင်းပါပဲ”
“သူ ပုံစံကောင်းတွေ မရတဲ့ အချိန်မှာ သူ့ကို ဝန်းရံ အားပေးဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ ပါတယ် ။ အခု သူ ပုံစံ ကောင်းတွေ ပြန်ရတာလာ ဒါတွေရဲ့ အကျိုးဆက် လည်း ပါမှာပါ ။ အခု နောက်ဆုံး ၃ ပွဲမှာ သူ ၃ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီး ပေးနိုင် ခဲ့ပါပြီ ။ သူသာ အကောင်းဆုံး ပုံစံမှာ ရှိနေရင် ဘာကိုမှ ကြောက်ဖို့ မလိုပါဘူး” လို့ အီဒင် တာဇစ် က ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် နဲ့ ဂျေဒန် ဆန်ချို တို့ရဲ့ သတင်းတွေ ကတော့ ဒီကနေ့ အထိ ထွက်ပေါ်နေဆဲ ဖြစ်ကာ အင်္ဂလန် ကလပ် ကလည်း ဆန်ချို ကို ထိပ်တန်း ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ် ထားဆဲ ဖြစ်တယ် လို့ သိရ ပါတယ် ။