spot_img

မန်ယူနိုက်တက် နဲ့ မန်စီးတီး ပစ်မှတ် ဂရီလစ်ချ် အတွက် အက်စတွန်ဗီလာတို့ သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေးကို ပြောပြလိုက်တဲ့ အဘွန်လာဟော

ဂါဘရီရယ် အဘွန်လာဟောက ဂျက်ဂရီလစ်ချ်ဟာ လာမည့် ရာသီ အက်စတွန်ဗီလာ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ သူကြားထားကြောင်း ထုတ်ဖော်လိုက်ပြီး အကယ်လို့များ ၎င်းကို ရောင်းချဖြစ်ခဲ့မယ် ဆိုရင်တောင် ဗီလာ အနေနဲ့ ဂရီလစ်ချ် အတွက် ပေါင်သန်း ၁၀၀ နဲ့ သန်း ၁၃၀ ကြား တောင်းဆို သွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် လိုက်ပါတယ်။

ဂရီလစ်ချ်ဟာ ဒီနွေရာသီမှာ မန်ချက်စတာကို ပြောင်းရွေ့လိမ့်မယ်လို့ သတင်းကြီးနေပြီး ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး နဲ့ ၎င်းရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ ဗီလာ အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဂရီလစ်ချ်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း ပရီးမီးယားလိဂ်မှာ အထူး ခြေစွမ်းပြ ကစားခဲ့ပြီး ပွဲထွက် ပါဝင်ကစားခဲ့တဲ့ ၂၄ ပွဲမှာ ၆ ဂိုး သွင်းကာ ၁၀ ဂိုးထိ ဖန်တီးပေးနိုင် ခဲ့ပါတယ်။

myan789

ဂရီလစ်ချ်ဟာ ဒီအတွက်ကြောင့်လည်း လာမည့် ယူရိုပြိုင်ပွဲမှာ အင်္ဂလန် ရဲ့ နာမည်ကျော် ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့် ရထားသူ ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲပြီးနောက် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေ ထဲက တစ်ခုကို ပြောင်းရွေ့မယ်လို့ ခန့်မှန်းနေကြ ပါတယ်။

ဒါပေမယ့်လည်း ဗီလာ ကစားသမားဟောင်း ဖြစ်သူ အဘွန်လာဟောက ဂရီလစ်ချ် အနေနဲ့ အသင်းပြောင်းသွားဖို့ မရှိဘဲ ဘာမင်ဂမ်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ဆိုလိုက်ပြီး ၎င်းဘက်က ဗီလာရဲ့ ရင်းနှီးမြှပ်နှံမှု စီမံကိန်းတွေ အပေါ် သဘောကျနေတယ်လို့ ပြောခဲ့ပါတယ်။

အဘွန်လာဟောက “ဂျက်ဂရီလစ်ချ်ဟာ အက်စတွန်ဗီလာ မှာပဲ ဆက်နေမှာပါ။ ဒါဟာ ကျွန်တော် ကြားထားတဲ့ အရာ ပါပဲ။ ဗီလာဟာ နွေရာသီမှာ အပြောင်းအရွေ့မှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်သွားအုံးမှာပါ။ သူ့ကို ဘယ်အသင်း ခေါ်ယူဖို့ တက်နိုင်မှာလဲ? အကယ်၍ အက်စတွန်ဗီလာ အနေနဲ့ သူ့ကို ရောင်းချခဲ့မယ် ဆိုရင် သူတို့ဘက်က ပေါင်သန်း ၁၀၀ ထက် ရမှသာ ရောင်းသွားမှာပါ။

မန်စီးတီးတို့ သူ့ကို တကယ် လိုအပ်နေသလား? သူတို့မှာ ဖီးလ်ဖိုဒန် ၊ ကယ်ဗင်ဒီဘရိုင်းနား နဲ့ ဂွန်ဒိုဂန် တို့လို ကစားသမားတွေ ရှိနေပြီးသားပါ။ ပြီးတော့ မန်စီးတီးဟာ တိုက်စစ်မှုး တစ်ဦးပဲ ရှာဖွေ နေတာပါ။ ဒါ့ကြောင့် သူတို့ဟာ ဂရီလစ်ချ် အတွက် ပေါင်သန်း ၁၀၀ ကျော် အသုံးပြု သွားဖို့ ဖြစ်နိုင်ပမလား?

ပရီးမီးယားလိဂ်မှာ သူ့ကို ခေါ်ယူဖို့ ကြိုးစား သွားမယ့် အသင်းတွေ ဆိုလို့ မန်ယူနိုက်တက် နဲ့ မန်စီးတီး တို့လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် COVID ကြောင့် သူတို့ဟာ ဝင်ငွေပိုင်းတွေ ထိခိုက်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီအသင်းတွေဟာ ကစားသမား တစ်ဦးတည်း အတွက် ပေါင်သန်း ၁၀၀ ဒါမှမဟုတ် သန်း ၁၃၀ လောက် အသုံးပြုသွားမှာလား? ကျွန်တော် ကတော့ သိပ်ပြီး မထင်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ဗီလာဟာ လာမည့် ရာသီ ဂရီလစ်ချ်ရဲ့ ဝန်ကို လျော့ချဖို့ အတွက် လက်ရှိ အချိန်မှာ နော့ဝှစ် ကွင်းလယ် ဖန်တီးရှင် ဘွန်ဒီယာကို အာဆင်နယ်ထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ နီးစပ်လျက် ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular