spot_img

မန်ယူနိုက်တက် စတားတစ်ဦးကို ချီးကျူးလိုက်ပြီး ၎င်းကို နယူးကာဆယ် အသင်းထံ မခေါ်ယူဖြစ်ခဲ့တဲ့ အကြောင်းကို ရှင်းပြလိုက်တဲ့ ဘင်နီတက်ဇ်

လီဗာပူး နည်းပြဟောင်း တစ်ဦး ဖြစ်သူ ရာဖေးဘင်နီတက်ဇ်က မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ချီးကျူး သွားခဲ့ပြီး သူ့ရဲ့ နယူးကာဆယ် နည်းပြ ဘ၀ သက်တမ်း အတွင်း ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင်ကို စိန့်ဂျိမ်းပက်ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့တယ်လို့ ထုတ်ဖော် သွားခဲ့ ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ၁၂ လက စပို့တင်းလစ္စဘွန်းမှ အိုးထရပ်ဖို့ဒ်ကို ပြောင်းရွေ့ လာခဲ့သူ ဖြစ်ပြီး အိုလီဂန်နာဆိုးရှားရဲ့ အသင်းကို အလုံးစုံ ပြောင်းလဲ စေခဲ့ကာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၃ ရအောင် ကူညီ ပေးခဲ့သလို ဒီရာသီ မှာလည်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နိုင်အောင် အကောင်းဆုံး စွမ်းဆောင် ပေးထားသူ ဖြစ်ပါတယ်။

myan789

ယူနိုက်တက် ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ရည်မှန်းနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်လျက် ရှိနေပြီး ယနေ့ည အန်ဖီးမှာ လီဗာပူးကိုသာ အနိုင် ရခဲ့မယ် ဆိုရင် အဓိက ဖလား ပြိုင်ဘက်ကို ၆ မှတ်ထိ ဖြတ်ကာ ဦးဆောင် နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ဘင်နီတက်ဇ် စပို့တင်းလစ္စဘွန်း အသင်းခေါင်းဆောင်ဟောင်းဟာ ယူနိုက်တက်ရဲ့ အောင်မြင်မှု အတွက် အဓိက ကျလိမ့်မယ်လို့ သုံးသပ် လိုက်ပြီး နယူးကာဆယ် နဲ့ အပြောင်းအရွေ့ ပျက်ပြယ် ခဲ့ရတဲ့ အကြောင်းရင်းကိုလည်း ထုတ်ဖော် သွားခဲ့ ပါတယ်။

ဘင်နီတက်ဇ်က “ကျွန်တော် နယူးကာဆယ် အသင်းကို ကိုင်တွယ်စဉ် တုန်းက ဘရူနိုဖာနန်ဒက်စ်ဟာ ကျွန်တော်တို့ ခေါ်ယူဖို့ ကြိုးစား ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ ပါတယ်။ အဲဒီတုန်းက သူဟာ စပို့တင်းလစ္စဘွန်းမှာ ကစားနေတာ ဖြစ်ပြီး သူဟာ သူ့ကလပ်နဲ့ ပြသနာ ရှိနေ ခဲ့ပါတယ်။

သူ စပို့တင်း ကနေ အလွတ် ပြောင်းရွေ့ကြေး နဲ့ ထွက်ခွာ နိုင်မယ့် အခွင့်အရေး တစ်ခုလည်း ရှိခဲ့ ပါတယ်။ ကစားသမား အေးဂျင့်နဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်ရာမှာ တိုးတက်မှုတွေ ရှိခဲ့ ပါတယ်။ ဒါပေမယ့် ပြသနာက ဒီကိစ္စဟာ တရား ရင်ဆိုင် ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒါဟာ အပြောင်းအရွေ့ လုပ်ဆောင်မှု တွေကို ရှုပ်ထွေး စေပါတယ်။

ကလပ်ဟာ ဒီလိုမျိုး အခြေအနေ ထဲကို မဝင်ရောက်ချင် ခဲ့ပါဘူး။ သူဟာ မန်ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေပါတယ်။ သူ့ရဲ့ ကစားဟန် ၊ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှု တွေနဲ့ ဘရူနိုဟာ အရာအားလုံးကို ပြောင်းလဲ ပေးခဲ့ ပါတယ်။ သူ့မှာ ထူးခြားတဲ့ ပင်ကိုယ် ပါရမီလည်း ရှိနေပါတယ်။ သူဟာ မှန်ကန်တဲ့ ဘောလုံး ပေးပို့မှုတွေ လုပ်ဖို့ပဲ ကြိုးစား ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ သူဟာ ပြင်းထန်တဲ့ လုပ်အား ၊ လုံ့လဝီရိယနဲ့ pressing တွေ လုပ်ခဲ့တာကို ကျွန်တော် မြင်တွေ့ ခဲ့ပါတယ်။” လို့ ချီးကျူး လိုက်ပါတယ်။

ယနေ့ည အန်ဖီးမှာ ကစား သွားရမယ့် လီဗာပူး vs မန်ယူနိုက်တက် တို့ရဲ့ ပွဲကြီးပွဲကောင်းနဲ့ ပက်သက်ပြီး ဘင်နီတက်ဇ်က “ဒီပွဲစဉ်တွေဟာ အရမ်းကို ရှုပ်ထွေး ပါတယ်။ လီဗာပူးတို့ ကောင်းကောင်း လုပ်နိုင် လိမ့်မယ်လို့ ကျွန်တော် ခံစား မိနေပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရမယ် ဆိုရင် မန်ယူနိုက်တက် ကလည်း ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ကောင်းကောင်း လုပ်ပြ ထားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ နိုင်ခြေဟာ ၅၀-၅၀ ဒါမှမဟုတ် ကျွန်တော့် နှလုံးသား အရ ၆၀-၄၀ ဖြစ်ပါလိမ့်မယ်။ အကယ်၍ ကိုယ့်အသင်းမှာ ခံစစ်ပိုင်း ပြသနာတွေ ရှိနေပြီ ဆိုရင် ပိုမို ကျစ်ကျစ်လစ်လစ် ကစားပြီး ဒီဧရိယာကို ကာကွယ် သွားရမှာပါ။ တစ်ချိန်တည်း မှာပဲ လီဗာပူးရဲ့ စတိုင်ဟာ ပြိုင်ဘက်တွေကို press လုပ်ပြီး တိုက်စစ်ဆင် ကစားတာပါ။ ဒါ့ကြောင့် စွန့်စားမှုတွေတော့ လုပ်သွား ရမှာ ဖြစ်ပါတယ်။

လီဗာပူး အတွက် ပြသနာ ကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အရမ်း မြန်တဲ့ ကစားသမားတွေ ရှိနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လီဗာပူးဟာ ပြိုင်ဘက် ကစားသမားတွေ ကိုယ့်ရဲ့ နောက်ခံလူ တွေကို လွယ်လွယ်ကူကူ ကျော်ပြီး မပြေးနိုင်အောင် လုပ်သွားဖို့ လိုအပ် ပါတယ်။” လို့ ပြောသွား ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular