အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ ဒီကနေ့ မနက် မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ယူနိုက်တက် နဲ့ ခြေစမ်းပွဲမှာ ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရပါတယ် ။ အာဆင်နယ် အသင်းဟာ ယူနိုက်တက် နဲ့ ပွဲမှာ အားနည်းချက်တွေ လိုအပ်ချက်တွေ များပြား ခဲ့ပြီး ထိုက်ထိုက်တန်တန် အရေးနိမ့် သွားခဲ့တာ ဖြစ်ပါတယ် ။
နည်းပြ အာတီတာ ကတော့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ရှုံးပွဲ ကနေ ဘယ်လို သင်ခန်းစာတွေ ရခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ” ဒီလို ခက်ခဲတဲ့ ပွဲတစ်ပွဲ ကနေ ရလိုက်တဲ့ အပေါင်း လက္ခဏာဆောင်တဲ့အရာက ကျနော်တို့ အများကြီး တိုးတက် ကောင်းမွန်ဖို့ လိုအပ် နေသေးတယ်ဆိုတဲ့ သတိပေး ခေါင်းလောင်း သံပါပဲ ။ ဒီပွဲမှာ ကြံ့ခိုင်မှု အပိုင်းက တကယ့်ကို စူပါ စူပါ တောင်းဆိုမှု များခဲ့ပါတယ် ၊ တချို့ ကစားသမားတွေ အနေနဲ့ သူတို့ လုပ်ပြခဲ့တာထက် ပိုလုပ်ပြနိုင်ဖို့ လိုအပ်နေပါသေးတယ် ၊ ကျနော်တို့က သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု ကို ပိုမို ကောင်းမွန်အောင် တည်ဆောက်ချင်တာပါ ။ ”
” မန်ယူနိုက်တက် က ထိရောက်တဲ့ ကစားဟန် နဲ့ အတူ အခိုက်အတန့်ကောင်းတွေကို ပုံဖော် နိုင်ခဲ့ပါတယ် ။ ကျနော်တို့လည်း အခွင့်အရေးတွေ ရခဲ့ပြီး ပွဲကို ပိုမို လွှမ်းမိုး ကစား နိုင်ခဲ့ပါတယ် ၊ ကျနော်တို့ ဒုတိယပိုင်း မှာ ပြန်လာနိုင်ဖို့ ကြိုးစား ခဲ့ပေမယ့် ဂိုးရအောင် မသွင်းနိုင်ခဲ့ပါဘူး ၊ ပွဲအပြီးမှာတော့ သူတို့ အနိုင် ရသွားခဲ့ပါတယ် ။ ”

“ကျနော် ကိုယ်တိုင်လည်း ရှုံးနိမ့်တာကို မုန်းပါတယ် ၊ ကျနော်တို့ အားလုံး ရှုံးတာ ကို မကြိုက်ပါဘူး ၊ ဒါက အကြီးမားဆုံး သင်ခန်းစာပါပဲ ၊ အခု ဖြစ်နေတဲ့ ခံစားချက် ကို ကျနော် မကြိုက်ပါဘူး ၊ ဒါကြောင့် ကျနော့် ကောင်လေးတွေ အနေနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းပြီး လာမယ့် ပွဲမှာ ပိုကောင်းအောင် ကစားနိုင်ရမယ်လို့ တွေးထားဖို့ လိုအပ်ပါတယ် ။ ”

” ခင်ဗျားတို့ ကျနော့်ကို မနေ့က မေးခဲ့တာ ရှိတယ်နော်ဂ ၊ လာမယ့် ရာသီ က ဘယ်လောက် အထိ ခက်ခဲမလဲ လွယ်ကူမလဲ ဆိုတဲ့ မေးခွန်းပေါ့ ၊ ကျနော် ပြောပါမယ် ၊ ပိုပြီး စိန်ခေါ်မှုတွေ များမယ် ခက်ခဲပါလိမ့်မယ် ၊ အသင်းတွေ ရဲ့အဆင့်အတန်း နှင့် ပြင်ဆင်မှု က အတော်လေး အားကောင်းပါတယ် ၊ သူတို့က ဒီပွဲ မတိုင်ခင်ကတည်းက နှစ်ပွဲ ကစားပြီးထားပါပြီ ၊ ဒီနေ့ပွဲက ခက်ခဲမယ် ဆိုတာ ကျနော်တို့ ကြိုတွက် ထားခဲ့ပါတယ် ၊ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင်လည်း ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်း နဲ့ ကစားရမှာ ဖြစ်ပြီး ဒီနေ့လိုပဲ ခက်ခဲ ဦးမှာပါ ။ ”