spot_img

မန်ယူနိုက်တက်သို့ ပြောင်းရွှေ့ချင်ပေမယ့် ကော်တွိုက်စ်လိုတော့ လုပ်ဖို့ အစီအစဉ်မရှိတဲ့ မေဆင်မောင့်

ကော့ဘ်ဟမ်း အကယ်ဒမီထွက် အင်္ဂလန် ကွင်းလယ်လူ မေဆင်မောင့်ဟာ မန်ချက်စတာ ယူနိုက်တက်သို့ ယခုနွေတတွင်း ပြောင်းရွှေ့ဖို့ နှောင့်နှေးကြန့်ကြာနေမယ်ဆိုရင်တောင် ချဲလ်ဆီးရဲ့ ရာသီကြို ပြင်ဆင်မှု အတွက် ကလပ်ထံသို့ သတင်းပေးပို့သွားမှာ ဖြစ်ကြောင်း The Telegraph သတင်းဌာနက အတည်ပြုလိုက်ပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ မောင့်ဟာ ချဲလ်ဆီးနဲ့ စာချုပ် တနှစ်သာ ကျန်တော့တဲ့အချိန် ၊ နောက်ထပ် စာချုပ်သစ် ကမ်းလှမ်းမှုမှ လက်ခံမှာ မဟုတ်တော့သလို ၊ ဒီနှစ် အသင်းပြောင်းခွင့် မရရင် ၊ နောက်နှစ် အလွတ်နဲ့ ပြောင်းဖို့အထိ ဆုံးဖြတ်ချက် ပြတ်သားနေတာကြောင့် ချဲလ်ဆီး ပရိသတ်တွေရဲ့ ငြိုငြင်ခြင်းကို ခံနေရပါတယ် ။

myan789

မန်ယူနိုက်တက်ဖက်ကတော့ မောင့်အတွက် တတိယအကြိမ် အဖြစ်နဲ့ရော ၊ နောက်ဆုံးအကြိမ် အဖြစ်နဲ့ပါ ပေါင်သန်း ၅၀ + အပိုဆုကြေး ၅သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ၊ ချဲလ်ဆီးဖက်က ပေါင်၆၅သန်းသာ ပေးချေဖို့ တွင်တွင်တုန့်ပြန်ထားကာ ၊ ကလပ် ကိုယ်စားလှယ်တွေ လူချင်းတွေ့ ဆွေးနွေးသွားဖို့ အတွက်ပါ ကမ်းလှမ်းသွားပါတယ် ။

မောင့်ဟာ ချဲလ်ဆီး နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုရဲ့ နှစ်သက်မှုကို ရထားသည့်တိုင် ၊ အသင်းပြောင်းဖို့ ပြတ်သားနေပေမယ့် ၊ အသင်းမပြောင်းနိုင်ခဲ့ရင်လည်း အနည်းဆုံးတော့ သီဘောက် ကော်တွိုက်စ်လို ရာသီကြို ပြင်ဆင်မှုဆီ report မလုပ်တဲ့အထိ မလေးမစား ပြုမူမှာ မဟုတ်ပဲ ချဲလ်ဆီး အတွက် အသင့်ဖြစ်နေအောင် ပြင်ဆင်သွားဖို့ ရှိပါတယ် ။

ပိုချက်တီနိုဟာ လာမယ့် တနင်္လာနေ့မှာ ချဲလ်ဆီး တရားဝင် နည်းပြအဖြစ် ကော့ဘ်ဟမ်း လေ့ကျင့်ရေးစင်တာမှာ အလုပ်စတော့မှာ ဖြစ်ကာ ၊ အင်္ဂါနေ့မှာ နိုင်ငံတကာပွဲတွေ ကစားထားပြီးတဲ့ ကစားသမားတွေ ရာသီကြိုပြင်ဆင်မှု အတွက် ရောက်ရှိကြောင်း တဖွဲဖွဲ သတင်းပို့ရမှာ ဖြစ်ပါတယ် ။

လာမယ့် ဘောလုံးရာသီသစ်မှာ ချဲလ်ဆီး အတွက် ကစားပေးဖို့ မသေချာတဲ့ အသင်းသား တချို့ကို ပိုချက်တီနိုက ဇူလိုင် ၁၇ရက်နေ့မှာ စတင်မယ့် အမေရိကန် ခရီးစဉ်သို့ ခေါ်ဆောင်သွားလိုခြင်း မရှိဘူးလို့ သိရပါတယ် ။

သို့ပေမယ့် ကစားသမား အနည်းငယ်ဟာ ချဲလ်ဆီးမှာ ဆက်နေဖို့ အစီအစဉ် မရှိတော့ပေမယ့် ခေါ်မယ့် အသင်းတွေဆီက အထိုက်အလျောက် ကမ်းလှမ်းမှု မရလို့ အသင်းပြောင်းဖို့ မသေချာတဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေရပါတယ် ။

ထိုအထဲမှာ မေဆင်မောင့်လည်း တဦး အပါအဝင် ဖြစ်ပေမယ့် ကစားသမားဖက်ကတော့ အသင်းမပြောင်းဖြစ်ရင်လည်း ပိုချက်တီနိုနဲ့ ချဲလ်ဆီး အတွက် ရာနှုန်းပြည့် အဆင်သင့် ရှိနေကြောင်း သတင်းပို့ဖို့ ပြင်ဆင်ထားပါတယ် ။ ယင်းအာဂျင်တိုင်းသား နည်းပြကတော့ မောင့်ရဲ့ အနာဂတ်ကို ကစားသမားဖြစ်သူနဲ့ နောက်အပတ် လူချင်းတွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular