မန်ယူနိုက်တက်စတား အနေနဲ့ သူ့ရဲ့ လက်ရှိအခြေအနေကို ရူးသွပ်နေလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဖာဒီနန်

ရီယိုဖာဒီနန်က ရာဖေးဗာရန်း အနေနဲ့ သူ့ကို မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းကနေ ချန်လှပ်ကာ ဂျွန်နီအီဗန်စ် နဲ့ မက်ဂွိုင်းယား တို့ကို ဦးစားပေး ပွဲထုတ်နေတဲ့ နည်းပြ အဲရစ်တန်းဟတ်ရဲ့ ဆုံးဖြတ်ချက် အပေါ် နားမလည်နိုင်လောက်အောင် ဖြစ်နေလိမ့်မယ်လို့ ဆိုလိ်ုကပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ က ရီးရဲယ်ကနေ ပေါင်သန်း ၄၀ နဲ့ ရောက်လာခဲ့တဲ့ ဗာရန်းဟာ ပြီးခဲ့တဲ့ရာသီကအထိ ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာ အသင်းရဲ့ ပွဲထွက်စာရင်းမှာ အမြဲတမ်း ပါ၀င်နိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ တန်းဟတ်ရဲ့ Pecking order မှာ အီဗန်စ် လင်ဒီလော့ဖ် နဲ့ နွေရာသီမှာ အသင်းကနေ ရောင်းထုတ်ရန် ကြိုးစားခဲ့တဲ့ မက်ဂွိုင်းယား တို့ရဲ့နောက်မှာ ရောက်နေပါတယ်။

myan789

ဗာရန်ဟာ တန်းဟတ်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ယခုလို ဖြစ်နေတာလို့ ပြောနေကြပေမယ့်လည်း နယ်သာလန် နည်းပြကတော့ ဒါတွေကို ပယ်ချလိုက်ကာ နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဖာဒီနန်ကလည်း ဗာရန် အနေနဲ့ ဒီအချိန်မှာ အီဗန်စ်ရဲ့နောက်ကို ရောက်နေတဲ့ အတွက် ပြောစရာစကားတောင် ရှိမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဖာဒီနန်က “ဘာဖြစ်နေသလဲဆိုတာ ကျနော်တို့လည်း မသိပါဘူး။ အကယ်၍ သူ အရန်ခုံမှာတောင် ထိုင်နိုင်ပြီ ဆိုမှတော့ ကြံ့ခိုင်မှု ပြည့်ဝနေမှာပါ။ ကျနော့်ရဲ့ စိတ်ထဲမှာတော့ အရန်ခုံမှာ ပါ၀င်တဲ့ ကစားသမားဟာ ကစားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်စုံတစ်ဦးက ၁ မိနစ် ကတည်းက ဒဏ်ရာ ရခဲ့မယ်ဆိုရင် ဒီလူက အစားထိုး ၀င်ကစားရမှာ မို့လို့ပါ။

ဒါ့ကြောင့် အသင်းနဲ့အတူ လိုက်ပါပြီး အရန်ခုံမှာ ထိုင်နိုင်ပြီ ဆိုရင် ကစားဖို့ အတွက် ကြံ့ခိုင်မှု ပြည့်ဝနေလို့ပါ။ ဒ့ါကြောင့် သူ နေရာပျောက်ခဲ့တဲ့ အကြောင်းရင်းကို ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ဗာရန်း အနေနဲ့ ဒီအကြောင်းကို စဉ်းစားလိုက်မယ်ဆိုရင် ရူးသွပ်နေမှာပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အတွေးမှာ ‘ငါ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ရထားခဲ့တဲ့အပြင် ရခဲ့တဲ့အကြိမ်တိုင်းမှာ အဓိက ကစားသမား အနေနဲ့ ပါခဲ့တယ်။ ငါ မန်ယူနိုက်တက်ကို ရောက်လာပြီး အခု ဂျွန်နီအီဗန်က ငါ့ကို ကျော်ကာ ပွဲထွက်ခွင့်ရနေတယ်’ ဆိုပြီး နားမလည်နိုင်အောင် ဖြစ်နေမှာပါ။

အီဗန်ကို မလေးမစား ပြောတာ မဟုတ်ပါဘူး။ အီဗန် ကစားသမားဘ၀မှာ ဘာတွေပဲ လုပ်ခဲ့သည် ဖြစ်စေ ဗာရန်းရဲ့ စိတ်ထဲမှာ အီဗန် အကြောင်း တွေးမိစရာ အကြောင်း မရှိပါဘူး။ သူဟာ နေရာတစ်နေရာ အတွက် ဂျွန်နီအီဗန် အကြောင်း ဘယ်တုန်းကမှ တွေးမိခဲ့မှာ မဟုတ်ပါဘူး။”

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular