spot_img

မန်ယူနိုက်တက်စတားဟာ အိုးထရပ်ဖို့ဒ်မှာ ဆက်ရှိရန် လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးလို့ ဆိုလိုက်တဲ့ ရူ့ဂူးလစ်

ရူ့ဂူးလစ်က ဝုဒ်ဗက်ဟော့စ်ဟာ မန်ချက်စတာယူနိုက်တက် အသင်း အတွက်ကော နယ်သာလန် အတွက်ပါ ကိုယ်စားပြု ကစားရန် လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးလို့ ဆိုလိုက်ပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ယူနိုက်တက်ကို အငှားစာချုပ်နဲ့ ပြောင်းလာခဲ့ပြီးနောက်ပိုင်း ဂိုးရှေ့မှာ ရုန်းကန်နေခဲ့ရပြီး ၁၈ ပွဲကစားရာမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဗက်ဟော့စ်ရဲ့ ဂိုးမိုးခေါင်မှုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာလည်း ဆက်လက် တည်ရှိနေခဲ့ပြီး ယူနိုက်တက် တိုက်စစ်မှုးဟာ နယ်သာလန်တို့ ဂျီဘရော်တာကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ် ပွဲစဉ်မှာလည်း ဂိုးမခဲ့ပါဘူး။ အဲရစ်တန်းဟတ်ဟာ လာမည့် နွေရာသီမှာတော့ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ခေါ်ယူကာ အင်အားဖြည့်တင်းသွားဖို့ လုပ်ဆောင်နေပြီး ရာသီကုန်မှာ အငှားစာချုပ် ကုန်ဆုံးမယ့် ဗက်ဟော့စ်ကို အပြီးသတ် ခေါ်ယူသွားဖို့တော့ မရှိနိုင်ပါဘူး။

myan789

နယ်သာလန် ဂန္တ၀င် ကစားသမား ဖြစ်သူ ဂူးလစ်ကလည်း ဗက်ဟော့စ်ရဲ့ အနာဂတ်ဟာ အိုးထရပ်ဖို့ဒ်နဲ့ အဝေးမှာသာ ရှိနေမှာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဂူးလစ်က “ကျနော် အမြဲတမ်း သူ့ကို ထူးဆန်းတဲ့ အမြင်နဲ့ပဲ ကြည့်မိနေပါတယ်။ ကျနော် သူ့ကို အများကြီး နှစ်သက်မှု ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူဟာ မန်ချက်စတာယူနိုက်တက် အတွက်ကော the Orange (နယ်သာလန်) အတွက်ပါ လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးလို့ တွေးမိနေပါတယ်။ သူ့ရဲ့ အရည်အသွေးပိုင်း အားနည်းမှုတွေကို ကျနော်တို့ အကြိမ်ကြိမ် မြင်တွေ့နေရပါတယ်။” လို့ ဆိုသွားပါတယ်။

တစ်ချိန်တည်းမှာပဲ ဗက်ဟော့စ်က နယ်သာလန်တို့ ဂျီဘရော်တာကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ကစားဟန်နဲ့ ပက်သက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်မိတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။

ဗက်ဟော့စ်က “ကျနော် ဂိုးရရန် နီးစပ်ခဲ့တဲ့ အခြေအနေ တစ်ချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အမြဲတမ်း ကျနော်ဟာ ဂိုးသွင်းနိုင်တဲ့ နေရာတွေမှာ ရှိမနေခဲ့ပါဘူး။ ဒါဟာ ကံမကောင်းမှုကြောင့်လည်း ဖြစ်နိုင်သလို အရည်အသွေးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်အနေနဲ့ ဒါနဲ့ ပက်သက်ပြီး ရိုးသားမှု ရှိဖို့ လိုအပ်ပါတယ်။ ဒါကို ကံမကောင်းမှုလို့လည်း ခင်ဗျားတို့ ခေါ်နိုင်ပါတယ်။

ဒါပေမယ့် ကျနော့်ရဲ့ နောက်ဆုံး အဆုံးသတ်က အနည်းငယ် လိုအပ်မှု ရှိခဲ့ပါတယ်။ တိုက်စစ်မှုး တစ်ဦး အနေနဲ့ ဒီလိုပွဲမျိုးတွေမှာ ကိုယ့်အနေနဲ့ ဂိုးရနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ အခွင့်အရေးတွေ လွဲချော်ထားခဲ့ပေမယ့်လည်း လက်ကျန် ပွဲချိန်တွေမှာ ဒါကို ပြင်ဆင်နိုင်ရန် အခွင့်အရေး ရှိနေပါတယ်။ နည်းပြရဲ့ ယုံကြည်မှုကိုလည်း ပြန်လည် ပေးဆပ်ချင်ပါတယ်။ ဂိုးမရခဲ့တာ ကတော့ စိတ်ပျက်စရာ ပါပဲ။”

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular