spot_img

မန်ယူနိုက်တက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် တမ်ဟဂ်ရဲ့ ရာသီအစက အနေအထားနဲ့ လက်ရှိ ချဲလ်ဆီး အနေအထားကို ဘာကြောင့် နှိုင်းယှဉ်လို့မရလဲ ဆိုတာ ရှင်းလင်းလာတဲ့ လမ်းပတ်

မနေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ နောက်ဆုံး ပွဲကျန်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီး အသင်းကို ၄ – ၁ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ကာ ၊ နောက်ရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ အပိုင် ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ရာသီအစက အခြေအနေ ဆိုးခဲ့တာက အဲရစ် တမ်ဟဂ်နဲ့ မန်ယူနိုက်တက် ဖြစ်ပေမယ့် ၊ အချိန်ကြာလာတာနဲ့ အမျှ သရဲနီတွေ တဖြည်းဖြည်းချင်း တိုးတက်လာပြီး ၊ ချဲလ်ဆီးကတော့ အပြောင်းအလဲပေါင်းများစွာ ၊ ဆိုးရွားတဲ့ ဆုံးဖြတ်ချက် ပေါင်းစုံနဲ့ စိတ်ပျက်ဖွယ် ဘောလုံးရာသီ တခုကို ဇာတ်သိမ်းရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ် ။

myan789

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ်က ယခုနှစ် ရာသီ အစက အဖွင့်မလှခဲ့တဲ့ တမ်ဟဂ်ရဲ့ မန်ယူနိုက်တက် အခြေအနေနဲ့ နည်းပြ ၃ဦး အထိ အပြောင်းအလဲလုပ် ၊ ပေါင်သန်း ၄၀၀ကျော် သုံးပြီး အင်အားဖြည့်တင်းမှုတွေ လုပ်ပေမယ့် ပြောင်းပြန် ဇောက်ထိုး ဖြစ်နေရတဲ့ လက်ရှိ ချဲလ်ဆီးရဲ့ အခြေအနေကို ဘာကြောင့် နှိုင်းယှဉ်ဖို့ ခက်ခဲလဲ ဆိုတာ အခုလိုပဲ ရှင်းလင်းသွားပါတယ် ။

လမ်းပတ် က ” ဒါက နှိုင်းယှဉ်ရ တကယ် ခက်ခဲတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ရာသီ အစပိုင်းက မန်ယူနိုက်တက်က ဘယ်နေရာမှာ ရှိခဲ့ပြီး အခု သူတို့ ဘယ်နေရာကို ရောက်နေလဲ ဆိုတာ ကျွန်တော့ အတွက် ခွဲခြမ်းစိတ်ဖြာဖို့ မဟုတ်ပါဘူး ။ သူတို့ဟာ အံံ့သြဖွယ်ကောင်းတဲ့ ကစားသမား အများအပြား ပိုင်ဆိုင်ထားပါတယ် ။ ”

” ရက်ရ်ှဖို့ဒ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ဂိုး၃၀ သွင်းထားပါတယ် ။ ဗာရန်းရဲ့ အတွေ့အကြုံတွေက ခံစစ်မှာ အရေးပါပါတယ် ။ ( ဘရူနို ) ဖာနန်ဒက်စ်ဆိုရင် မန်ယူနိုက်တက်မှာ ရှိနေတာ အချိန် အတော်ကြာလာပြီ ဖြစ်သလို ၊ သူဟာ ဘယ်လို ခြေစွမ်း အဆင့်အတန်းနဲ့ ကစားသမားလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးသားပါ ။ ”

” ခင်ဗျား အနေနဲ့ သူတို့ အသင်း အတွင်း ဖြတ်ကြည့်လိုက်ရင် ၊ စစ်မှန်တဲ့ တည်ငြိမ်မှုကို ရှာတွေ့နိုင်ပါတယ် ။ ဒီလို အနေထားမှာ သူတို့ဟာ ကတ်စီမီရိုလို ကစားသမားမျိုးကို ထပ်ဖြည့်တင်းခဲ့ပါတယ် ။ သူတို့ လက်ရှိ အခြေအနေကို ရောက်လာတာ အကြောင်းအရင်း အများကြီး ရှိပါတယ် ။ ဒါက မန်နေဂျာ တယောက်တည်းကြောင့် မဟုတ်ပါဘူး ။ ”

” ကျွန်တော်ကတော့ ဒီအနေအထား ၂ရပ်က နှိုင်းယှဉ်မရဘူးလို့ ထင်ပါတယ် ။ ကျွန်တော်တို့ အနေနဲ့ အပေါင်းလက္ခဏာ ဆောင်တာလေးတွေ ရှာကြံပြီး ကြည့်သင့်တာ မှန်ပါတယ် ။ အနာဂတ်ကို ဒီရာသီထက် ပိုတဲ့ အကောင်းမြင်စိတ်လေးနဲ့ ကြည့်သင့်ပါတယ် ။ ဒါက ရှင်းနေပြီးသားပါ ။ ”

” ဘာကြောင့် ဒီအနေအထား ၂ရပ်ကို ကျွန်တော် မနှိုင်းယှဉ်ရခြင်း အကြောင်းအရင်းက အခြေအနေတိုင်းက ကွဲပြားခြားနားလို့ပါ ။ မန်နေဂျာအသစ် ပြောင်းခန့်လိုက်တာက ပြဿနာတွေ အားလုံး ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ ယူဆတာထက် ကျွန်တော်တို့ အနေနဲ့ ကြီးမားတဲ့ ပုံရိပ် အတွက် တဆင့်ချင်းစီ ရှေ့ဆက်ရပါမယ် ။ ”

” အဲရစ် စွမ်းဆောင်ထားတဲ့ အရာတွေကို ကျွန်တော် အသိအမှတ် ပြုနေဆဲပါ ။ ဘာလို့လဲဆိုတော့ ဒါက မန်နေဂျာ တဦးရဲ့ ဘဝမှာ ပါဝင်တဲ့ အစိတ်အပိုင်း ဖြစ်လို့ပါ ။ တချိန်တည်းမှာ အခြေခံအရာတွေကလည်း အသင်းမှာ ရှိနေဖို့ လိုပါတယ် ။ ရာသီ အစပိုင်းက တမ်ဟဂ်ကို လူတွေက နည်းစနစ်တွေ ၊ စည်းကမ်းပိုင်းတွေ ၊ စည်းမျဉ်းတွေ ၊ ရော်နယ်ဒို ကိစ္စ ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ကြတာတွေ ရှိပါတယ် ။ ”

” ဒါပေမယ့် သူဟာ ကိုယ်ပိုင်အဆင့်အတန်း တခုကို တည်ဆောက်ပြီး ၊ ဘယ်လို ရှေ့ဆက်ချင်လဲ ဆိုတာကို ကောင်းကောင်းချပြနိုင်လိုက်ပါတယ် ။ ဒါဟာ တဦးတယောက်တည်းကြောင့် ဖြစ်လာတဲ့ အရာ မဟုတ်ပါဘူး ။ ကလပ်က အပေါင်း လက္ခဏာ ဆောင်တဲ့ အချိုးအကွေ့ကို ရောက်လာတဲ့အခါ ကစားသမားတွေနဲ့ structure ကောင်း တခုက တခါတလေ သူ့အလိုလို ဖြစ်လာတတ်ပါတယ် ။ ကျွန်တော်ကတော့ ဒီလိုပဲ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular