ယခုရာသီကုန်တွင် မန်ယူအသင်းမှထွက်ခွာရန် သေချာသလောက်ဖြစ်နေသည့် စပိန်ဂိုးသမား ဒီဟေးယားအားခေါ်ယူရန် ဥရောပအသင်းကြီး (၃)သင်းက အပြိုင်ဆက်သွယ်စုံစမ်းနေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ပြင်သစ်ကလပ် PSG၊ စပိန်ကလပ်အသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် (သူ၏အသင်းဟောင်း) အက်သလက်တီကိုမက်ဒရစ်အသင်းတို့သည် ဒီဟေးယား၏အေးဂျင့်ထံ ဆက်သွယ်လျက်ရှိကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့သည်။
ယင်းအသင်းများထဲတွင် PSG အသင်းမှာ ဒီဟေးယားကို ခေါ်ယူရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရှိရသည်။