လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မန်စီးတီးအသင်း ဂိုးထပ်သွင်းလိုစိတ်မရှိသဖြင့် မိမိတို့ ကံကောင်းခဲ့ရကြောင်း ညည်းတွားပြောဆိုခဲ့သည်။
“နှစ်ဂိုးမြန်မြန်ပေးလိုက်ရချိန်မှာ အရာအားလုံးပျက်စီးသွားခဲ့တယ်။ ဘယ်လိုပုံစံမျိုးနဲ့ ကျွန်တော်တို့ ဂိုးတွေပေးခဲ့ရတာလဲ။ အဲဒါက လက်ခံနိုင်ဖို့ ခက်ပါတယ်။ ကျွန်တော်တို့ မတားဆီးနိုင်ခဲ့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါကို လုံးဝလက်မခံနိုင်ပါဘူး။ စီးတီးက လုံးဝထိန်းချုပ်ထားနိုင်ပြီးချိန်မှာ သူတို့လိုချင်တာကို လုပ်နိုင်ခဲ့တယ်။ နောက်ထပ်တစ်ဂိုးပဲ ထပ်သွင်းတာ ကျေးဇူးပါပဲ။ ဒါက ကျွန်တော်တို့အတွက်တော့ တကယ်ကိုသတင်းဆိုးပါ။ သူတို့က လောဘမကြီးလို့လည်း ကျွန်တော်တို့ ကံကောင်းခဲ့ရတာပါ။ ဒီပွဲနဲ့ပတ်သက်လို့ ကောင်းတဲ့အကြောင်း ပြောစရာ ဘာမှမရှိပါဘူး” ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲကစားအပြီးတွင် ရှုံးပွဲ(၅)ပွဲကြုံတွေ့ထားပြီး ၂၀၂၂ ခုနှစ်အတွင်း (၃၅) ပွဲကစားရာတွင်မူ (၄)ပွဲသာ ရှုံးနိမ့်ခဲ့သည်။

