spot_img

မန်စီးတီးအသင်းအနေဖြင့် ဟော်လန်းကို ပျော်ရွှင်အောင်ထားရန် လိုအပ်သည်ဟု ၎င်း၏အေးဂျင့် သတိပေး 

မန်စီးတီးအသင်းတိုက်စစ်မှူး အာလင်းဟော်လန်း၏အေးဂျင့်ဖြစ်သူက မန်စီးတီးအသင်းအနေဖြင့် ဟော်လန်းအား အသင်းတွင် ကာလရှည်ထိန်းသိမ်းထားလိုပါက ဟော်လန်း အသင်းမှမထွက်ခွာမီတွင် ပျော်ရွှင်အောင်ထားရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

မကြာသေးမီကလည်း ဟော်လန်း၏ ဖခင်ဖြစ်သူက သူ၏သားသည် မည်သည့်လိဂ်တွင်မဆို အသင်းတစ်သင်းတွင် (၄) နှစ်ထက် ပိုမနေခဲ့ဖူးဟုဆိုခဲ့ပြီး ယခုအချိန်တွင် ဟော်လန်း၏အေးဂျင့်က ယင်းကဲ့သို့ ဆိုခဲ့ခြင်းလည်းဖြစ်သည်။ 

ဟော်လန်းသည် လက်ရှိအချိန်တွင် မန်စီးတီးအသင်း၌ ပျော်ရွှင်နေပြီး ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ၎င်းကိုခေါ်ယူလိုသည့် အသင်းများစွာရှိနေချိန်တွင် ဟော်လန်း၏ အေးဂျင့်ဖြစ်သူ ရာဖယ်လာပီမန်တာက ယင်းကဲ့သို့ ဆိုခဲ့ခြင်းလည်းဖြစ်သည်။ 

myan789

ဟော်လန်းသည် ယခင်က နာမည်ကျော်အေးဂျင့်တစ်ဦးဖြစ်သည့် မီနိုရိုင်အိုလာ၏ ကစားသမားတစ်ဦးဖြစ်ခဲ့သော်လည်း ရိုင်အိုလာ ကွယ်လွန်ခဲ့ပြီးနောက် ရာဖယ်လာပီမန်တာနှင့် လက်တွဲခဲ့ခြင်း ဖြစ်သည်။

ဟော်လန်းသည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူ၏ ပထမဆုံးရာသီ၌ပင် မန်စီးတီးအသင်းကို တစ်ရာသီအတွင်း အဓိကဖလား (၃)လုံးချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး ယခုရာသီတွင်လည်း မန်စီးတီးအသင်းအတွက် (၁၇)ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်သည်။ 

ပီမန်တာက သူ(မ)၏ ကစားသမားနှင့်ပတ်သက်၍ “အာလင်းက ကိုယ့်လမ်းကိုယ် ရွေးတဲ့နေရာမှာတော့ ဆရာကြီးပါပဲ။ အမြဲတမ်းပါပဲ။ သူက သူ့အတွက်ရော၊ မန်စီးတီးအသင်းအတွက်ပါ အကောင်းဆုံးဖြစ်မယ့်အရာတွေကို အမြဲတမ်းလုပ်သွားဦးမယ့်သူဖြစ်ပါတယ်။ သူက အမြဲတမ်း အားလုံးအပေါ် လေးစားမှုရှိသူဖြစ်ပြီး ကလပ်အသင်းနဲ့ သူနဲ့ကြားမှာလည်း အပြန်အလှန် လေးစားမှုရှိတယ်ဆိုတာကို ကျွန်မ သိပါတယ်။ မန်စီးတီးအသင်းက သူ့ကို လေးစားမှုရှိမယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ တနေ့နေ့ တစ်ချိန်ချိန်မှာ အပြောင်းအလဲတွေ ဖြစ်လာစရာလမ်းစတွေပေါ်လာခဲ့ရင်လည်း ဟော်လန်းက ကလပ်အသင်းအပေါ် လေးစားမှုအပြည့်နဲ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကလပ်အသင်းအနေနဲ့ကတော့ ဟော်လန်း အသင်းမှာရှိနေတုန်းမှာ ပျော်ရွှင်အောင်ထားဖို့ လိုမယ်လို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။ 

ဟော်လန်းနှင့် အသင်း နည်းပြ ပက်ဂွါဒီယိုလာ၏ ဆက်ဆံရေးအခြေအနေနှင့် ပတ်သက်သည့် မေးမြန်းမှုကိုလည်း ပီမန်တာက “ဒီမေးခွန်းက အာလင်းကိုယ်တိုင်ကို သွားမေးသင့်ပါတယ်။ ဒါပေမဲ့ ကျွန်မ သိနိုင်သမျှ အခြေအနေအရဆိုရင်တော့ သူတို့ရဲ့ဆက်ဆံရေး အရမ်းကောင်းပါတယ်”ဟု ဆိုခဲ့သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular