ဘိုင်ယန်မြူးနစ်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးအနေဖြင့် အနာဂတ်တွင် ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ ကစားနိုင်သည်ဟု ကစားသမား၏အေးဂျင့် ဖြစ်သူ ဇဟာဗီက ပြောကြားခဲ့ကြောင်း ဂျာမန် သတင်းစာ Bild က ဖော်ပြခဲ့သည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းသို့ ထွက်ခွာသွားသည့် အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုး၏နေရာတွင် အစားထိုးရန် ပြီးခဲ့သည့်နွေရာသီအပြောင်းအ ရွှေ့ကာလ၌ စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။ ယင်းနောက် မန်စီးတီးအသင်း ခေါ်ယူလိုသည့် တိုက်စစ်မှူးစာရင်းတွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး ပါဝင်နေသည်ဟု ဗြိတိန်မီဒီယာများ ဖော်ပြနေကြသည်။
Bild ၏ ဖော်ပြမှုအရ လီဝန်ဒေါစကီး ၏အေးဂျင့်ဖြစ်သူ ဇဟာဗီက ၎င်း၏ကစားသမားအနေဖြင့် အနာဂတ်တွင် မန်စီးတီးအသင်း သို့ ပြောင်းရွှေ့ကစားနိုင်သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။ အသက် ၃၃ နှစ်အရွယ် ရှိ ပိုလန်လက်ရွေးစင်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေသူဖြစ်ပြီး ၎င်းအနေဖြင့် အနည်းဆုံး လေးနှစ်ခန့် ထိပ်တန်းအဆင့်တွင် ကစားနိုင်သေးကြောင်း ပြောကြား ထားသည်။
လီဝန်ဒေါစကီးသည် လက်ရှိ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ဘိုင်ယန်မြူးနစ်အသင်းတွင် နှစ်ရာသီလက်တွဲဖူးပြီး ဂွါဒီယိုလာ အကြိုက်တွေ့သည့် တိုက်စစ်မှူးဖြစ်သည်။