spot_img

မန်စီးတီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခံရနိုင်သည့်စာရင်းတွင် လမ်းပတ် ထိပ်ဆုံးရောက်လာ

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် မန်စီးတီးအသင်းအား အိမ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည့် ရေပန်းစားမှုစာရင်းတွင် ထိပ်ဆုံးနေရာရောက်ရှိလာကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အဖြစ် တနင်္ဂနွေနေ့က မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၁-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

myan789

ချယ်လ်ဆီးအသင်းသည် နောက်ဆုံးကစားသည့် ခြောက်ပွဲတွင် တစ်ပွဲသာ အနိုင်ရထားပြီး လေးပွဲမြောက် ရှုံးနိမ့်ခြင်းဖြစ်သလို ပွဲစဉ် ၁၇ အပြီးတွင် ခုနစ်ပွဲနိုင်၊ ငါးပွဲသရေ၊ ငါးပွဲရှုံးနိမ့်ကာ ရမှတ် ၂၆ မှတ်ဖြင့် အဆင့် ၈ နေရာ ရောက်ရှိနေသည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ဇယားထိပ်ဆုံးမှ လီဗာပူးလ်(ဆောက်သမ်တန်-လီဗာပူးလ်ပွဲမတိုင်မီ)၊ မန်ယူအသင်းတို့နှင့် ခုနစ်မှတ်၊ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာနှင့် သုံးမှတ်သာကွာဟနေသော်လည်း ခြေစွမ်းနှင့် ရလဒ်ပိုင်း တည်ငြိမ်မှုမရှိသောကြောင့် ထုတ်ပယ်ခံရရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။
ထို့ပြင် နာမည်ကြီးလောင်းကစားဒိုင်များ၏ သတ်မှတ်ချက်အရ လမ်းပတ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည့် ရေပန်းစားမှုစာရင်းတွင် အလေးပေးမှု ၁၁/၁၀ ဖြင့် ထိပ်ဆုံးနေရာရောက်ရှိလာကြောင်း သိရသည်။

၎င်း၏နောက်တွင် ဇယားအောက်ဆုံးနေရာမှ ရှက်ဖီးယူနိုက်တက်အသင်းနည်းပြ ခရစ္စဝိုင်လ်ဒါက ၇/၂၊ ဘရိုက်တန်အသင်းနည်းပြ ဂရေ ဟမ်ပေါ်တာက ၈/၁၊ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်နှင့် နယူးကာဆယ်အသင်းနည်းပြ စတိဗ်ဘရုစ်က ၁၀/၁ ဖြင့် ရပ်တည်လျက်ရှိသည်။

The Athletic အားကစားဝက်ဘ်ဆိုက်ကလည်း ချယ်လ်ဆီးအသင်းအနေဖြင့် လမ်းပတ်နေရာတွင်အစားထိုးရန် သင့်တော်မည့်သူများကို ကြိုတင်ရှာဖွေနေပြီဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ဖော်ပြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular