spot_img

မန်စီးတီးရဲ့နိုင်ပွဲပျောက်ဆုံးမှုမှတ်တမ်းကို ရပ်တန့်ပစ်နိုင်ဖို့ လိုအပ်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

ဒီနေ့မနက်ပိုင်း၊ အီတီဟတ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ ဂိုးဖြင့်အနိုင်ယူကာ မန်စီးတီးအသင်းရဲ့ ခုနစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပြီးနောက် ပက်ဂွါဒီယိုလာက ရှုံးပွဲဆက်မှုအလေ့အထကို ရိုက်ချိုးနိုင်ခဲ့ပြီလို့ ကြွေးကြော်ရင်း အရေးပါတဲ့အလှည့်အပြောင်းတစ်ခုအဖြစ် နိုင်ပွဲအတွက် အောင်ပွဲခံနေခဲ့ပါတယ်။

အောင်မြင်ကျော်ကြားလှတဲ့နည်းပြသက်တမ်းတလျှောက် အဆိုးဝါးဆုံးအခိုက်အတန့်ကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ မန်စီးတီးပဲ့ကိုင်ရှင်က “ ကျွန်တော်တို့အတွက် နိုင်ပွဲလိုအပ်နေခဲ့ပါတယ်။ အရေးအကြီးဆုံးအရာကတော့ ဆက်တိုက်ဆိုသလို နိုင်ပွဲပျောက်ဆုံးနေမှုကို ရိုက်ချိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါပြီ။ ဒါပေမယ့် ဒီနိုင်ပွဲတွေ ဆက်ရှိနေဖို့လည်း လိုအပ်ပါတယ်။

myan789

ကလပ်အသင်း၊ ကစားသမားတွေနဲ့ လူတိုင်းက အနိုင်ရချင်ခဲ့ပါတယ်။လတ်တလောဖြစ်ရပ်တွေအပြီး နောက်ဆုံးဝီစီသံမကြားရခင်အထိ ကျွန်တော်တို့တွေ စိတ်အေးလက်အေးမဖြစ်နေခဲ့ပါဘူး”လို့ ပြောပါတယ်။ အခုပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာပါဝင်လာတဲ့ ဒီဘရိုင်းက ကြယ်ပွင့်စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပါတယ်။

မကြာခဏဆိုသလို ဒဏ်ရာရနေတဲ့ ဘယ်လ်ဂျီယံသားက အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ်စွမ်းဆောင်ရင်း နှစ်လကျော်ကာလအတွင်း ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရရှိချိန်မှာ မန်စီးတီးအသင်းတိုက်စစ်ကို ဦးဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာကတော့ ကွင်းလယ်လူရဲ့ဝန်ထုပ်ဝန်ပိုးတွေကို စီမံပေးသွားဖို့ သတိပြုနေခဲ့ပါတယ်။

Manchester City beat Nottingham Forest 3-0 at the Etihad Stadium

ပက်ဂွါဒီယိုလာက “ကာလရှည်အနားယူပြီးနောက် ဒီဘရိုင်း ဘယ်လိုပုံစံမျိုးပြန်ကောင်းလာနိုင်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ပကတိအရှိတရားကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာရော၊ အခုဘောလုံးရာသီမှာပါ ဒီဘရိုင်းက ပွဲစဉ်အနည်းငယ်ပဲ ကစားခဲ့ရတဲ့အချက် ဖြစ်ပါတယ်”လို့ ပြောပါတယ်။ မန်စီးတီးက ဒီဇင်ဘာပွဲကျပ်ကာလအတွင်း လာမယ့်စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ကစားရပါမယ်။

ပက်ဂွါဒီယိုလာ “သုံးရက်တစ်ပွဲနှုန်းကစားရမယ်ဆိုတော့ ဒီဘရိုင်း ဘယ်လိုအခြေအနေရှိမလဲဆိုတာပဲ စောင့်ကြည့်ရတော့မယ်”လို့ သုံးသပ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်းမှာ မန်စီးတီးနောက်ခံလူနသန်အကီ တံကောက်ကြောဒဏ်ရာကြောင့် ကွင်းတွင်းမှထွက်ခွာသွားရလို့ စိုးရိမ်ပူပန်မှုတွေ ရှိလာခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက “တွေ့ရသလောက်တော့ အကီရဲ့အခြေအနေ မကောင်းပါဘူး။ မနက်ဖြန်ကျရင် သူ့ရဲ့အခြေအနေကို ကျွန်တော်တို့ အကဲဖြတ်သွားပါမယ်။ ပွဲစဉ်ကို သူဆက်မကစားနိုင်တော့ပါဘူး။ လာမယ့်သုံးရက်အတွင်းမှာတော့ သူ့ရဲ့အခြေအနေကို ကျွန်တော်တို့ ပိုသိရပါလိမ့်မယ်။ အကီအတွက် ကျွန်တော်လည်း စိတ်ပျက်မိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာအခြေအနေတစ်ခုကြောင့် ဒုတိယပိုင်းပွဲချိန်တွေကို အရန်ခုံတန်းမှာဖြတ်သန်းခဲ့ရတဲ့ အကန်ဂျီနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ ပက်ဂွါဒီယိုလာက သတင်းပေးခဲ့ပါတယ်။ သူက “ကျွန်တော်တို့မှာ အကီ၊ အကန်ဂျီအပြင် ကွင်းလယ်ခံစစ်ကစားသမားနှစ်ဦးလောက် ရှိစေချင်ပါတယ်။ သူတို့နှစ်ဦးလုံးက အံ့သြလောက်စရာကစားသမားတွေ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular