spot_img

မန်စီးတီးဖလားသုံးလုံးအိပ်မက်ကို တားဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားသွားမည်ဟု တန်းဟက်သစ္စာဆို

မန်စီးတီးအသင်း၏ ဖလားသုံးလုံးအိပ်မက်ကိုတားဆီးနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားမည်ကို သစ္စာဆိုကြောင်း မန်ယူအသင်းမန်နေဂျာ တန်းဟက်က ပြောဆိုလိုက်သည်။

မန်ယူသည် မနေ့ညက ကစားသည့်ပွဲတွင် ဘရိုက်တန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီးနောက် အက်ဖ်အေဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဗိုလ်လုပွဲတွင် မန်စီးတီးနှင့် ရင်ဆိုင်တွေ့မည်ဖြစ်သည်။ မန်စီးတီးသည်လက်ရှိဘောလုံးရာသီတွင် ပရီးမီးယားလိဂ် အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို အရယူနိုင်ရန် ချိန်ရွယ်နေသည်။ ထိုသို့ ဖလားသုံးလုံး ရရှိပါက ၁၉၉၉ ဆာအဲလက်စ်ဖာဂူဆန်လက်ထက်က မန်ယူအသင်း၏ ဂန္ထဝင်အောင်မြင်မှုကို လိုက်မီသွားမည်ဖြစ်သည်။

myan789

အက်ဖ်အေဖလားဗိုလ်လုပွဲသို့တက်ရောက်နိုင်အပြီးတွင် တန်းဟက်က “မန်ယူအသင်းပရိသတ်တွေရဲ့စိတ်ဓာတ်ကို နားလည်ပါတယ်။ ကျွန်တော်ကတော့ မန်စီးတီးကို ကျော်ဖြတ်ပြီး ဒီနှစ်ရာသီမှာ မန်ယူအတွက် ဒုတိယမြောက်ဆုဖလားရရှိဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်အပါအဝင် အသင်းသားတွေ ဝန်ထမ်းတွေအားလုံးက အစွမ်းကုန်ထုတ်သွားမှာ ဖြစ်ပါတယ်။ မန်စီးတီးက အသင်းကောင်းတစ်သင်းဆိုပေမယ့် မန်ယူက ဖလားရသွားနိုင်တဲ့ အခွင့်အလန်းလည်း ရှိပါတယ်”ဟု တန်းဟက်က ပြောသည်။

မန်ယူနှင့်မန်စီးတီးသည်ဇွန်လ ၃ ရက်နေ့တွင်ဝင်ဘလေ၌ အက်ဖ်အေဖလားဗိုလ်လုပွဲကို ကစားရမည်ဖြစ်သည်။ ထိုအချိန်တွင်မန်စီးတီးသည် အမှတ်ပေးချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်မည်လား ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်မည်လားဆိုသည်များ အဖြေထွက်နေမည် ဖြစ်သည်။

တန်းဟက်က “ကျွန်တော်က အရာရာပေးဆပ်ကစားသွားမယ်ဆိုတာက တကယ့်ကို အရာရာကို ပြောတာပါ။ ၁၀၀ ရာခိုင်နှုန်းထက်ကျော်အောင်ကြိုးစားသွားမယ်။ အသင်းရဲ့ပရိသတ်အတွက် မန်စီးတီးအသင်းကို ရင်ဆိုင်ချိန်မှာ ဒီလိုကြိုးစားသွားမှာပါ။ မန်စီးတီးကို အနိုင်ယူနိုင်ကြောင်း ပရီးမီးယားလိဂ်မှာ သက်သေပြ ပြီးသွားပါပြီ။ အဲဒီပွဲက မန်ယူရဲ့အကောင်းဆုံး အမှားအနည်းဆုံး ခြေစွမ်းပြခဲ့တဲ့ပွဲဖြစ်ပြီး ဒီလိုပွဲမျိုးနောက်တစ်ကြိမ်ကစားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဘောလုံးရာသီ ပြီးသွားရင် မန်ယူအသင်းကို အားဖြည့်မှာလားဆိုတာကို တာဝန်ရှိသူတွေနဲ့ ထပ်မံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီလိုခြေစွမ်းအဆင့်အတန်းမျိုးနဲ့ နောက်နှစ်တွေမှာ ကစားချင်တယ်ဆိုရင် အသင်းအနေနဲ့ ပိုပြီးသန်မာကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်”ဟု ပြောဆိုလိုက်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular