ဆောက်သမ်တန်အသင်းတွင် ကစားနေသည့် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဝေါလ်ကော့က မန်စီးတီးပစ်မှတ် ဆာကာကို သတိပေးပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုနွေရာသီ၌ ဆာကာကို ခေါ်ယူရန် ပစ်မှတ်ထားနေပြီး တိုက်စစ်တွင် ဟော်လန်းနှင့်တွဲဖက်ကစားစေရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဝေါလ်ကော့က “မန်စီးတီးအသင်းကို သွားမယ်ဆိုရင် ဆာကာအနေနဲ့ ပွဲကစားခွင့် အကန့်အသတ်နဲ့ဖြစ်သွားမယ်ဆိုတာကို သိမှာပါ။ မန်စီးတီးမှာဆိုရင် ဖလားရနိုင်ခြေပိုများပေမဲ့ အခုအာဆင်နယ်မှာလို ကြယ်ပွင့်ကစားသမားတော့ ဖြစ်တော့မှာမဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။