spot_img

မန်စီးတီးနှင့် လီဗာပူးလ်ကိုလိုက်မီရန် အလွန်ခက်ခဲပြီး ခြားနားမှုကို တစ်ဆင့်ချင်းလျှော့ချရမည်ဟု စပါးအသင်းနည်းပြ ပြောကြား

စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက မိမိတို့အနေဖြင့် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်သည့် မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့ကိုလိုက်မီရန် အလွန်ခက်ခဲကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ကွန်တီ (၅၃ နှစ်) သည် ပြီးခဲ့သည့်ရာသီက စပါးအသင်းအား နိုဝင်ဘာမှသာ စတင်ကိုင်တွယ်ရသော်လည်း ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာ ရပ်တည်နိုင်စေခဲ့သည်။

myan789

ထို့ပြင် ယခုနွေရာသီတွင် အဲဗာတန်အသင်း တိုက်စစ်ကစားသမား ရစ်ချာ လီဆန်ကို ပေါင်သန်း ၅၀၊ ဘရိုက်တန်အသင်းကွင်းလယ်လူ ဘစ်ဆူးမားကို ပေါင် ၂၅ သန်း၊ မစ်ဒယ်ဘရော့အသင်းနောက်ခံလူ စပန့်စ်ကို ပေါင် ၁၂ ဒသမ ၅ သန်း၊ အင်တာမီလန်အသင်း တောင်ပံကစားသမား ပါရီဆစ်နှင့် ဆောက်သမ်တန်အသင်းဂိုးသမား ဖော်စတာကို အလွတ်၊ ဘာစီလိုနာအသင်းနောက်ခံလူ လွန်းဂလတ်ကို အငှားဖြင့် ခေါ်ယူထားနိုင်သောကြောင့် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးစာရင်းတွင် မန်စီးတီး (၈/၁၃)၊ လီဗာပူးလ် (၂/၁) တို့ ပြီးလျှင် ၁၄/၁ ဖြင့် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။

သို့သော် ကွန်တီက “ကျွန်တော်တို့အနေနဲ့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ထင်တယ်။ ဒါပေမဲ့ စိတ်ရှည်ဖို့ လိုအပ်တယ်ဆိုတာ ခင်ဗျားလည်း ကောင်းကောင်းသိပါတယ်။ အင်္ဂလန်မှာ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရတာ ခက်ခဲတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ အပြိုင်အဆိုင် ဖြစ်လာချင်တယ်။ ပြီးခဲ့တဲ့ရာသီထက် တိုးတက်လာဖို့ ကြိုးစားရမယ်။ အဲဒါက ကျွန်တော်တို့ရဲ့ပစ်မှတ်ပါပဲ။ ခင်ဗျားက စီးတီးနဲ့ လီဗာပူးလ် အကြောင်းမေးရင် ကျွန်တော်တို့အနေနဲ့ တူညီတဲ့နည်းပြတွေနဲ့ နှစ်တွေအကြာကြီး အတူလက်တွဲလာတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်း နှစ်သင်းအကြောင်းကို ပြောနေတာလို့ ပြန်ဖြေရမယ်။ အခုအချိန်မှာ တခြားအသင်းတွေက သူတို့နဲ့ခြားနားမှုကို လိုက်မီဖို့ အရမ်းခက်တဲ့ အနေအထားမှာ ရှိနေကြတယ်။ ဒါပေမဲ့ အဲဒါကို ကျွန်တော်တို့လုပ်ရပါမယ်။ ကျွန်တော်တို့က ကစားသမားခြောက်ဦးအတွက် ပေါင်သန်း ၁၀၀ လောက် သုံးထားပြီး သူတို့ကတော့ အဲဒီပမာဏကို တစ်ဦး၊ နှစ်ဦးလောက်အတွက်ပဲ သုံးထားတယ်။ သူတို့တွေက ခင်ဗျားရဲ့ အရှေ့မှာ ရပ်တည်နိုင်တယ်ဆိုတာ တူညီတဲ့ နည်းပြတွေနဲ့ သေချာလုပ်ထားတာဖြစ်လို့ ထိုက်တန်မှုရှိပြီး နည်းပြတွေကိုလည်း ထောက်ခံအားပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ဆင့်ချင်းသွားရမှာဖြစ်ပြီး အဲဒီခြားနားမှုကို လျှော့ချရမှာပါ” ဟု သုံးသပ်ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular