ဆာအဲလက်စ် ဖာဂူဆန် ဟာ မန်ချက်စတာ ယူနိုက်တက် လို အသင်းကြီး တစ်သင်းကို ဆယ်စုနှစ် ၂ ခုခွဲ ကြာအောင် ကိုင်တွယ် ခဲ့ ပါတယ် ။ ဒါဟာ သာမာန် အရည်အသွေး တစ်ခု မဟုတ်ခဲ့ ပါဘူး ။ အဲ့ဒိ ၂၆ နှစ် အတွင်း မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ဖလား ၁၃ ကြိမ် ၊ ချန်ပီယံ လိဂ် ၂ ကြိမ် ၊ ကလပ် ကမ္ဘာ့ ဖလား ၂ ကြိမ် အပြင် FA Cup နဲ့ လိဂ် ဖလားတွေ ကို လည်း ရယူ နိုင်ခဲ့တာပါ ။
ဒါကြောင့်လည်း ဖာဂူဆန် ကို ပရီးမီးယားလိဂ် ခေတ် ရဲ့ အအောင်မြင်ဆုံး နည်းပြ အဖြစ် အားလုံးက သတ်မှတ် ထားကြ တာပါ ။ သူ့ရဲ့ စီမံ ခန့်ခွဲ နိုင်မှုတွေ ဟာ ကွင်းထဲက နည်းစနစ်တွေ လိုပဲ ပြောင်မြောက် ခဲ့ ပါတယ် ။
ဆာအဲလက်စ် ဟာ နှိမ့်ချ ပြီး ဘယ်အရာကို တန်ဖိုးထား ရမယ်ဆိုတာ ကို ကောင်းကောင်း သိပါတယ် ။ ဒီအကြောင်းတွေ ကို ပြန်ပြောပြ ခဲ့တဲ့ သူကတော့ ပက်ထရစ် အီဗရာ ပါ ။ ယူနိုက်တက် မှာ ဆယ်နှစ် နီးပါး ကစား ခဲ့တဲ့ အီဗရာ ဟာ ဖာဂူဆန် ရဲ့ လူယုံ တစ်ယောက် ဖြစ်ခဲ့ ဖူးပါတယ် ။
“ဘော့စ် က ဘယ်တုန်းက မှ အသင်းသားတွေ နဲ့ ညဘက် ထွက်တာမျိုး မရှိ ပါဘူး ။ သူ နဲ့ ရိုနယ်ဒို တို့ အတူ ညစာ စားနေတာကို ခင်ဗျားတို့ မမြင်ဖူး မှာ သေချာ ပါတယ် ။ သူ က သူ့ရဲ့ အားလပ်ချိန် ကို မိသားစု အတွက်ပဲ အဓိက ပေးတတ်တဲ့ သူပါ”
“ဘောလုံး နဲ့ ပတ်သက်လာရင် ပရိသတ်တွေ ကို သူ အရမ်း အလေးထား ပါတယ် ။ တစ်ခါ တုန်းက ရာသီကြို ခရီးမှာ သူ ကျွန်တော်တို့ အားလုံး ကို အမုန်း ကြိမ်းမောင်း ခဲ့ဖူး ပါတယ် ။ အဲ့ တစ်ခေါက်က မှတ်မှတ် ရရ ပါပဲ”
“ရာသီကြို ခရီးတွေ က ပင်ပန်း ပါတယ် ။ အဝေးကြီး သွားရ သလို လေ့ကျင့် ရတာတွေ လည်း ရှိတော့ အားလုံး ပင်ပန်း နေခဲ့ ကြတာပါ ။ ဒါကြောင့် ကွင်းပြင် ထွက်ချိန် မှာ ပရိသတ်တွေ ကို ဘယ်သူမှ အော်တို မထိုးဘဲ ကားပေါ် တန်းတက် ကြဖို့ ကျွန်တော်တို့ သဘောတူ ခဲ့ ကြပါတယ်”
“အားလုံး ကားပေါ် ရောက်နေ ပေမယ့် ကားက မထွက်သေး ပါဘူး ။ အပြင်ကို ကြည့်လိုက်မှ ဘော့စ် က တစ်ယောက်တည်း ပရိသတ်တွေ ကို လက်မှတ် ထိုးပေး နေတာပါ ။ ကျွန်တော့ အထင် ၄၅ မိနစ် လောက် ကြာမယ် ထင် ပါတယ်”
“ငါတို့ အားလုံးတော့ သေပီလို့ တွေးမိ တဲ့ အတိုင်းပါပဲ ၊ ကားပေါ် ရောက်လာတာ နဲ့ ဘော့စ် က တစ်သင်းလုံး ကို ကြိမ်းတော့ တာပါ ။ သူက ပြောပါတယ် ။ ဒီ ပရိသတ်တွေ က ငါတို့ ကို လစာတွေ ပေးထားတာ ၊ သူတို့ က ဒီ အသင်းကြီး ဒီလို ဖြစ်လာအောင် ပံ့ပိုးပေး နေတာ ၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သူတို့ ကို အမြဲ တွေးပေး ရမယ်လို့ ဆူပြီး အားလုံးကို ကားပေါ်က ပြန်ဆင်းပြီး လက်မှတ် ထိုးခိုင်း ခဲ့ပါတယ်”
“ဒါဘော့စ် ရဲ့ ပင်ကိုယ် စရိုက် ပါပဲ ။ သူက ပရိသတ်တွေ ဟာ ဘောလုံး ရဲ့ ကျောရိုး ဖြစ်တယ် ၊ ဘောလုံး သမားတွေ ရဲ့ ကျောရိုး မဟုတ်ဘူးလို့ လက်ခံ ထားတာပါ ။ ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် မှာ ဘောစ့် ရဲ့ နာမည် က အခုထိ ရှိနေ ခဲ့တာပါပဲ” လို့ အီဗရာ က ပြောဆို သွားခဲ့ ပါတယ် ။
ဆာအဲလက်စ် ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ တုန်းက 79 နှစ် ပြည့် မြောက်သွားခဲ့ ပါပြီ ။ ဒါပေမယ့်လည်း အခုချိန်ထိ သူ ချစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပွဲတွေကို ကွင်းထဲ အထိ လာကြည့် နေတုန်းပါပဲ ။