spot_img

မန်ချက်စတာယူနိုက်တက်နှင့်ပွဲအပြီးတွင် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့သည့် မာနေနှှင့် ပြဿနာမရှိဟု ကလော့ပ် ဆို

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မန်ချက်စတာယူနိုက်တက်နှင့်ပွဲအပြီးတွင် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့သည့် အသင်းတိုက်စစ်ကစားသမား မာနေနှှင့်ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ကြာသပတေးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၂-၄) လီဗာပူးလ်ပွဲတွင် မာနေသည် ပွဲထွက်ကစားခွင့် မရခဲ့ဘဲ ပွဲချိန် (၇၅)မိနစ်တွင်မှာ ဂျိုတာအစား လူစားဝင်ကစားခွင့်ရခဲ့သည်။

myan789

ယင်းပွဲအပြီးတွင် ယာဂန်ကလော့ပ်သည် ကွင်းအတွင်းဝင်ကာ လီဗာပူးလ်အသင်းသားများကို နှုတ်ဆက်ခဲ့ပြီး မာနေက ကလော့ပ်၏ လက်ဆွဲနှုတ်ဆက်ရန်ကြိုးပမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး Sky Sports နှင့် တွေ့ဆုံရာတွင် ကလော့ပ်က “ပြဿနာ မရှိပါဘူး။ မန်ယူနှင့်ပွဲအတွက် ပွဲထွက်စာရင်းမှာ မာနေကို ရွေးချယ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ မာနေအစား ဂျိုတာကို ပွဲထွက်အဖြစ် ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ အရင်တုန်းက အဲဒီလိုရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး ကောင်လေး(ကစားသမား)တွေကို ရှင်းပြလေ့ရှိပေမဲ့ ဒီတစ်ခါတော့ အဲဒီလိုလုပ်ဖို့ အချိန်မရခဲ့ပါဘူး။ ဒါကို မာနေက အနည်းငယ်စိတ်ဆိုးနေတာပါ။ ဒါပါပဲ။ အားလုံးအဆင်ပြေပါတယ်”ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အဆိုပါပွဲစဉ်တွင် မန်ယူအသင်းကို အနိုင်ရခဲ့သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်မှာ ရှင်သန်လာခဲ့သော်လည်း လက်ကျန်ပွဲစဉ်များမှာ ခက်ခဲဦးမည်ဖြစ်ကြောင်း ကလော့ပ်က ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular