spot_img

မနက်ဖြန် မှာ ကစားမယ့် ဝုဖ် နဲ့ ပွဲကိုတောင် ကိုင်တွယ်ဖွယ် ရှိနေတဲ့ သောမတ် တူချယ်

ချဲဆီး အသင်းရဲ့ ပိုင်ရှင်ကြီး အဗရာမိုဗစ်ချ် က လမ်းပတ် ကို နည်းပြ ရာထူးကနေ ထုတ်ပယ်လိုက်ပြီး နောက်ပိုင်း ၊ သူ့ရဲ့ နေရာကို အစားထိုး ဝင်ရောက်လာမယ့် သောမတ် တူချယ် အနေနဲ့ အလုပ်တွေကို ချက်ခြင်း စတင်ဖို့ အတွက် မီးစိမ်း ပြလိုက်ပြီ ဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် အက်အေ က တူချယ် အနေနဲ့ အသင်းက စီစဉ်ပေးမယ့် Bubble ဧရိယာ အတွင်းမှာ နေထိုင်မယ် ဆိုရင် ၊ အလုပ်တွေ ကို ချက်ခြင်း လုပ်ဆောင်ခွင့် ရှိနေတဲ့အကြောင်း ၊ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ကိုးကား ကာ အတည်ပြုပေးလိုက်ချိန်မှာတော့ ၊ အခုလို သတင်းမျိုး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

myan789

ချဲဆီး တာဝန် ရှိသူတွေ အားလုံးကတော့ တူချယ် ဟာ မနက်ဖြန် ညမှာ ယှဉ်ပြိုင် ကစားမယ့် ဝုဖ် နဲ့ ပွဲကိုတောင် ကြီးကြပ်ပေးနိုင်ဖွယ် ရှိနေတယ်လို့ ယုံကြည်နေကြပါတယ်။

တူချယ် ဟာ ဗြိတိန် ကနေ ချမှတ်ထားတဲ့ ဗိုင်းရပ် ဆိုင်ရာ စည်းမျဉ်းတွေက ကင်းလွတ်ခွင့် ရရှိလိုက်တာတော့ မဟုတ်ပါဘူး။ ပုံမှန် အားဖြင့်တော့ ဂျာမဏီ ကနေ ဝင်ရောက်လာတဲ့ လူတစ်ယောက် အတွက် ကွာရာတင်း ပုံမှန် 5 ရက် ဝင်ပြီးမှသာ အလုပ်လုပ်ခွင့် ရှိမှာ ဖြစ်ပါတယ်။

သို့သော် သူဟာ ဂျာမဏီကနေ မထွက်ခွာခင် ဆေးစစ်လာတဲ့ အဖြေက Negative ဖြစ်ခဲ့မယ် ဆိုရင် ၊ လန်ဒန် ရောက်တာ နဲ့ ကလပ် Bubble အတွင်း ဝင်ရောက်နေထိုင်ပြီး ၊ အလုပ်တွေ စတင် လုပ်ကိုင်နိုင်တဲ့ အကြောင်း FA ဘက်က အတည်ပြုချက်ပေးထားပါတယ်။

ချဲဆီးဟာ တူချယ် ရဲ့ စာချုပ်ကို အပြီးသတ် နိုင်ဖို့ အတွက် မနေ့ည ကတည်းက ကြိုးစား လုပ်ဆောင်လျှက် ရှိနေပါတယ်။

မနေ့က မနက်ခင်းပိုင်းမှာတော့ တစ်သင်းလုံးကို နေ့ခင်း 2 နာရီ မတိုင်ခင် အထိ လေ့ကျင့်ခန်း အစီအစဉ် ဆင်းစရာ မလိုတဲ့ အကြောင်း စောစောစီးစီး အသိပေးခဲ့ပါတယ်။ သို့သော် ဘယ်အကြောင်း အရင်းကြောင့် လေ့ကျင့်ခန်း အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တဲ့ အကြောင်းကို ၊ ဘယ်သူမှ အသိပေးခြင်း မခံခဲ့ရပါဘူး။

နောက်ပိုင်းမှာတော့ နည်းပြ လမ်းပတ် ကို ထုတ်ပယ်တော့မယ့် အကြောင်း သတင်းတွေ တက်လာမှ ၊ တစ်သင်းလုံး သိခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လမ်းပတ်ဟာ ရာထူးကနေ မထုတ်ပယ်ခံရမီ ချဲဆီး ပဲ့ကိုင်ရှင် မာရီနာ ဂရာနော့စကာရီးယား ၊ ဥက္ကဌ ဘရု ဘက် တို့နဲ့ မျက်နှာချင်းဆိုင် အစည်းအဝေး ထိုင်ခဲ့ပြီး ၊ အဲနောက်မှာတော့ ကော့ဘ်ဟမ်းကွင်းကို လာရောက်ကာ အသင်းသားတွေ အားလုံးကို နှုတ်ဆက်သွားခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ လက်ထောက် နည်းပြ ဖြစ်တဲ့ ဂျွန် မော့ရစ် ကလဲ လမ်းပတ် နဲ့ အတူ ၊ အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေတဲ့ နည်းပြ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျိုး အက်ဒ်ဝပ် ၊ အန်သိုနီ ဘာရီ တို့ဟာ တနင်္လာနေ့ နေ့ခင်း လေ့ကျင့်ခန်း အစီအစဉ်တွေကို ဦးဆောင် မောင်းနှင်သွားခဲ့ ပါတယ်။

တကယ်လို့ တူချယ် ရဲ့ ဆေးစစ်ထားတဲ့ ကိစ္စအပေါ် အကြောင်း တစ်စုံတရာများ ပေါ်ပေါက်လာခဲ့ရင် ၊ လာမယ့် ဝုဖ်နဲ့ ပွဲစဉ်မှာ နည်းစနစ် အကြံပေး ပီတာ ဆက်ချ် ရဲ့ အကူအညီနဲ့ အတူ အက်ဒ်ဝပ် ၊ ဘာရီ တို့က ပူးတွဲကာ ကိုင်တွယ်ဖို့ လျားထားပါတယ်။

နည်းပြသစ် တူချယ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် အဆင့် 4 အတွင်း ဝင်ရောက်နိုင်ဖို့ အတွက် အဓိက ကြိုးစားရမှာ ဖြစ်ပြီး ၊ နောက်ပိုင်းမှာ လီဗာပူး ၊ မန်စီးတီး တို့လို တည်ငြိမ်တဲ့ ပုံစံမျိုးတွေ အထိရောက်အောင် တည်ဆောက်သွားရမှာပါ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ အတွင်း ချဲဆီးဟာ ပေါင် သန်း 220 ဝန်းကျင် အထိ သုံးစွဲခဲ့ပြီး ၊ မန်စီးတီး ၊ လီဗာပူး တို့လို နီးပါး ဖြစ်အောင် မျှော်လင့်ချက် ထားခဲ့ပေမယ့် ၊ ရာသီဝက် အတွင်း ချဉ်းကပ်လာချိန်မှာတော့ သူတို့ဟာ အမှတ်ပေးဇယား ထိပ်တစ်ဝက်ထဲက အသင်းဆိုလို့ ဝက်စ်ဟမ်း တစ်သင်းထဲသာ အနိုင် ကစားပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ လမ်းပတ် အသင်းရဲ့ ကစားသမား စာရင်းကို နိုင်နင်းအောင် ကိုင်တွယ်နိုင်ခြင်း မရှိပဲ ရူဒီဂါ ၊ အလွန်ဆို ၊ ဂျော်ဂင်ဟို တို့ကိုတောင် ရောင်းချဖို့ လုပ်ဆောင်ခဲ့ပါတယ်။

တူချယ် ကတော့ ပီအက်စ်ဂျီ မှာ ရှိစဉ် အချိန် ကတည်းက ရူဒီဂါ နဲ့ ဂျော်ဂင်ဟို တို့ ခြေစွမ်းကို သဘောကျတာကြောင့် ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသူ ဖြစ်ပြီး ၊ ဗာနာ ၊ ဟားဗတ်တို့ ကလဲ ဂျာမဏီသားတွေ ဖြစ်နေတာကြောင့် အကောင်းပုံစံတွေ ထွက်လာအောင် လုပ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular