အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်သည် မည်သည့်အသင်းနှင့်မျှ သဘောတူညီမှုမရသေးကြောင်း ပြောကြားခဲ့သည်။
အိုဆင်မန်သည် လီဗာ ပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထွက်လာသည့်အတွက် ဖာဘရီဇီယိုရိုမာနိုက သတင်းအမှားဖြစ်ကြောင်း တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
“အိုဆင်မန်က နာပိုလီနဲ့ သက်တမ်းတိုးဖို့လည်း သဘောတူညီမှုမရသေးသလို၊ တခြားဘယ်အသင်းနဲ့မှလည်း သဘောတူညီမှုမရသေးပါဘူး။ အိုဆင်မန်က အချိန်ယူဆုံး ဖြတ်သွားမှာပါ။ အခုတော့ သူ ဘာကိုမှ မဆုံးဖြတ်ရသေးပါဘူး”ဟု ဖာဘရီဇီယိုရိုမာနိုက ပြောကြားခဲ့သည်။