လက်စတာအသင်းသည် ကွင်းလယ်ကစားသမား မက်ဒီဆန်အတွက် နယူးကာဆယ်အသင်း၏ ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။
လက်စတာအသင်းသည် ယခုနွေရာသီတွင် ဇူလိုင်လကုန်အထိ ကစားသမားသစ် မခေါ်ယူနိုင်သေးသည့်အသင်းဖြစ်ပြီး ယင်းအတွက် ကစားသမားရောင်းချပြီးမှ ငွေရှာရမည့်အခြေအနေဖြစ်နေသည်။
သို့သော် စာချုပ်သက်တမ်း(၂)နှစ်ကျန်ရှိနေသေးသည့် မက်ဒီဆန်ကို နည်းပြ ဘရန်ဒန်ရော်ဂျာက ရောင်းထုတ်လိုခြင်းမရှိသောကြောင့် နယူးကာဆယ်၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မက်ဒီဆန်(၂၅ နှစ်)ကို လက်စတာအသင်းက သက်တမ်းထပ်တိုးရန်စီစဉ်နေကြောင်း သိရသည်။