spot_img

မက်ဆီ နဲ့ ရော်နယ်ဒို တို့ရဲ့ ကွာခြားတဲ့ စရိုက်တစ်ခု နဲ့ ဘယ်သူ့ကို ပိုနှစ်သက်သလဲ ဆိုတာ ထုတ်ဖော်လိုက်တဲ့ အာသာ

ဂျူဗင်တပ် ကွင်းလယ်လူ အာသာက ခရစ်စတီယာနို ရော်နယ်ဒိုဟာ လီယွန်နယ်မက်ဆီထက် ပိုပြီး ပွင့်လင်းမှု ရှိတယ်လို့ ဆိုလိုက်ပြီး ပေါ်တူဂီ စတားနဲ့ သူ့ရဲ့ မဟာပြိုင်ဘက် တို့ကြား ဒီလို ကွာခြားတဲ့ စရိုက်လက္ခဏာ ရှိတယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။ နူးကမ့်မှာ မက်ဆီနဲ့ အတူ ၂ ရာသီကြာ ကစားခဲ့သူ အာသာဟာ ပြီးခဲ့တဲ့နှစ် ရော်နယ်ဒို နဲ့အတူ ဂျူဗင်တပ် အသင်းမှာ မပူးပေါင်းမီ အာဂျင်တီးနား စူပါစတားကို သမိုင်းတစ်လျှောက် အကြီးကြယ်ဆုံး ကစားသမား တစ်ဦးလို့ ပြောခဲ့သူ ဖြစ်ပါတယ်။

ရော်နယ်ဒို or မက်ဆီ…ဘယ်သူက ပိုကောင်းသလဲ? ဆိုတဲ့ မေးခွန်းဟာ ဘောလုံးသမိုင်း တစ်လျှောက် အကြီးကြယ်ဆုံး Debate ဖြစ်ကာ ဘာစီလိုနာ စတားက ဘလွန်းဒီအောဆုကို ၆ ကြိမ် ဆွတ်ခူး ထားခဲ့ပြီး ပေါ်တူဂီ စတားက ဘလွန်းဒီအောဆုကို ၅ ကြိမ် ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဘရာဇီး ကွင်းလယ်လူ အာသာဟာ လက်ရှိ မော်ဒန်ဘောလုံးလောကရဲ့ အကြီးကြယ်ဆုံး ကစားသမား ၂ ဦးနဲ့ တစ်သင်းတည်းမှာ အတူ တွဲဖက် ကစား ခဲ့ဖူးတဲ့ ကစားသမား အနည်းငယ် ထဲက တစ်ဦး ဖြစ်ပါတယ်။

myan789

အသက် ၂၄ နှစ် အရွယ် ကစားသမားက သူဟာ တူရင်ကို ဘာစီလိုနာ ကနေ ပေါင် ၆၄ သန်းနဲ့ ရောက်ရှိ လာခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ ကြိုးစားမှု နဲ့ ၎င်းရဲ့ attitude အပေါ် အံ့အားသင့်မိ ခဲ့တယ်လို့ ဝန်ခံခဲ့ ပါတယ်။

အာသာက “ခရစ်စတီယာနို ရော်နယ်ဒိုဟာ မက်ဆီထက် စာရင် ပိုမို ပွင့်လင်းမှု ရှိပါတယ်။ သူဟာ အဝတ်လဲခန်းထဲက လူတွေ အားလုံးနဲ့ အရမ်း ကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တို့ ရော်နယ်ဒို တို့ ဘာသာစကား တူညီ နေတာ ကလည်း ပေါင်းရသင်းရ ပိုမို လွယ်ကူတာလည်း ဖြစ်နိုင်ပါတယ်။

လူပုဂ္ဂိုလ်တိုင်းဟာ သူတို့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ထုတ်ဖော် ပြသပုံတွေ မတူညီကြ ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ကွာခြားမှုတွေ ရှိပါတယ်။ မက်ဆီက ဒါကို action တွေနဲ့ ထုတ်ဖော် ပြသပြီး လူတော်တော်များများ ကတော့ ဒါကို မြင်ကြမှာ မဟုတ်ပါဘူး။ မက်ဆီဟာ သူ့ဆီကို ဘောလုံး ရောက်ရှိတဲ့ အခါ အောင်ပွဲ ရချင်တဲ့ စိတ်ဆန္ဒနဲ့ အတူ ဒါကို ထုတ်ဖော် ပြသလေ့ ရှိပါတယ်။ သူ့ရဲ့ အသင်းဖော် အားလုံး ကတော့ ဒါကို သတိပြုမိ ကြပါတယ်။” လို့ ပြောသွားပါတယ်။

မက်ဆီ or ရော်နယ်ဒို ဘယ်သူ့ကို ပိုပြီး နှစ်သက်သလဲ ဆိုတဲ့ မေးခွန်းကိုတော့ အာသာဟာ သူ့ရဲ့ ကလပ် အသင်းဖော် ကိုပဲ ရွေးချယ် သွားခဲ့ပါတယ်။

အာသာက “ကျွန်တော် ခရစ်စတီယာနိုကို ရွေးချယ် ချင်ပါတယ်။ ကျွန်တော်တို့ဟာ တစ်သင်းတည်းမှာ အတူ တွဲဖက် ကစားနေတာ မဟုတ်လား။ ကျွန်တော် ခရစ်စတီယာနို နဲ့ တအားကြီးတော့ မရင်းနှီး ပါဘူး။ သူ့ရဲ့ အိမ်ကို သွားကာ ကော်ဖီသောက်တာတို့ ဘာတို့ လုပ်လေ့ မရှိပေမယ့် ကျွန်တော်တို့ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။

ခရစ်စတီယာနိုဟာ အကယ်၍ သူ့ရဲ့ အသင်းဖော် တစ်ဦး အကူအညီ တစ်စုံတစ်ရာ လိုအပ်တယ် ဆိုရင် ဘယ်တော့မှ ရှောင်ဖယ်လေ့ ရှိသူ မဟုတ်ပါဘူး။ သူ ကိုယ်တိုင်လည်း ကြုံတွေ့ ရတဲ့ ပြသနာတိုင်းကို ပြင်းထန်တဲ့ စိတ်ဆန္ဒနဲ့ ရင်ဆိုင် ဖြေရှင်းလေ့ ရှိပါတယ်။ သူဟာ သားရဲ တစ်ကောင်လို လေ့ကျင့်မှု ပြုလုပ် ပါတယ်။

သူဟာ ဘယ်အချိန်မှာ နားရမလဲ ဆိုတာ မသိတဲ့ အပြင် သူဟာ ကိုယ့်ကို အမြဲတမ်း အစွမ်းကုန် ပေးဆပ်ဖို့ ၊ အစွမ်းကုန် အားထုတ် ကြိုးစားဖို့ တွန်းအား ပေးလေ့ ရှိပါတယ်။ ခရစ်စတီယာနိုဟာ အမြဲတမ်း ကျွန်တော့်ကို ဘာတွေ စားသင့်သလဲ ၊ ဘယ်လို နေထိုင် သင့်သလဲ ဆိုတာ အကြံပေးလေ့ ရှိပါတယ်။ သူဟာ ပွဲစဉ်တွေ အတွက် ပြီးပြည့်စုံအောင် ပြင်ဆင်လေ့ ရှိသူပါ။” လို့ ပြောလိုက် ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular