spot_img

မက်ဆီအား ပွဲဦးထွက်အသုံးပြုမည့်ပွဲကို မဆုံးဖြတ်ရသေးဟု ပိုချက်တီနို ဆိုခဲ့ပြီး ဘရက်စ်နှင့်ပွဲ လူစာရင်းတွင် ထည့်သွင်းထားခြင်းမရှိဟု L’Equipe ဖော်ပြ

PSG အသင်း၏ နည်းပြ ပိုချက်တီနိုက တိုက်စစ်မှူး မက်ဆီအား ပွဲဦးထွက်အသုံးပြုမည့်ပွဲကို မိမိ မဆုံးဖြတ်ရသေးကြောင်း ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့သော် ပိုချက်တီနိုက မက်ဆီအနေဖြင့် အသင်းနှင့် မြန်ဆန်စွာ အသားကျခဲ့ခြင်းမှာ အလွန်ကျေနပ်စရာကောင်းသည်ဟု ဆိုခဲ့သည်။

myan789

ဘရက်စ်နှင့်ပွဲ၌ မက်ဆီ ပါဝင်မည်လားဟု မေးမြန်းမှုကို ပိုချက်တီနိုက ”အသင်းရဲ့ လူစာရင်းကို ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။ မက်ဆီ ပါနိုင်မလား ဆိုတာရောပေါ့။ ဒါပေမဲ့ အရာအားလုံးက အပေါင်းလက္ခဏာ ဆောင်နေပါတယ်။ အသင်းနဲ့သူ မြန် မြန်ဆန်ဆန် အသားကျသွားတာကလည်း အလွန်ကျေနပ်စရာကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ ကြောင့် ဘရက်စ်နှင့်ပွဲတွင် မက်ဆီ ပါဝင်ဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သော်လည်း ပြင်သစ်သတင်းစာ L’Equipe ကမူ ဘရက်စ်နှင့်ပွဲ လူစာရင်းတွင် မက်ဆီကို ထည့်သွင်းထားခြင်းမရှိဟု ဖော်ပြခဲ့သည်။

ထို့ပြင် ယင်းလူစာရင်းတွင် နေမာလည်း ပါဝင်ခြင်းမရှိဘဲ ဂိုးသမား ဒွန်နာရမ်မာမှာမူ ပွဲထွက်ခွင့်ရဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular