ကမ္ဘာ့ဖလားဆုရှင် လီယွန်နယ် မက်ဆီသည် စာချုပ်အသစ်အတွက် ပီအက်စ်ဂျီအသင်းနှင့် ဆွေးနွေးမှုများရှိနေသည့်တိုင် ဆော်ဒီအာရေးဘီးယားက ၎င်းတို့ ၏ဆော်ဒီပရိုလိဂ်အား မြှင့်တင်ရေးအတွက် စီရော်နယ်ဒိုနှင့်အတူ မက်ဆီမှ ပါဝင်လက်တွဲပေးရန် ဆွဲဆောင်ကြိုးပမ်းရာတွင် လက်မလျှော့သေးပေ။
နိုင်ငံတကာအဆင့် အာဂျင်တီးနားဘောလုံးအားကစားသမား မက်ဆီကို ယခုနွေရာသီ သို့မဟုတ် မဝေးတော့သောအနာဂတ်တွင် ခေါ်ယူရန် ဖြစ်နိုင်ခြေများနေသေးစဥ် ဆော်ဒီရှိဘောလုံးတာဝန်ရှိသူများသည်လည်း ငွေကြေးအင်တိုက်အားတိုက်သုံးစွဲ၍ပါ နိုင်ငံတော်၏ရည်မှန်းချက်ကို တစ်ဖန်ပြန်လည်သက်သေပြနိုင်စေရန် အခွင့်အာဏာပေးခံထားကြောင်း Sports Myan မှ သိရသည်။
စီရော်နယ်ဒိုကို ခေါ်ယူခွင့်မရခဲ့သော Al Hilal သည် မက်ဆီကို ကမ္ဘာ့လစာအများဆုံးဘောလုံးသမားဖြစ် စေရန် အသင့်ပြင်ထားပါသည်။ မက်ဆီသည် ဆော်ဒီအာရေးဘီးယားခရီးသွားလုပ်ငန်းကဏ္ဍအတွက် သံတမန်အဖြစ် ခန့်အပ်ခံထားရပြီးဖြစ်သည်။ ပီအက်စ်ဂျီမှ မက်ဆီ ထွက်ခွာရန် ဆုံးဖြတ်ပါက တစ်နှစ်လျှင် ပေါင်သန်း ၂၀၀ ရရှိမည်ဖြစ်ပြီး ဥရောပတွင် ဆက်နေပါက ဆော်ဒီကလပ်များသည် ၎င်းတို့၏ မက်ဆီအိပ်မက် ကို စွန့်ပယ်ခြင်းထက် ရွှေ့ဆိုင်းမည်ဖြစ်သည်။

ပီအက်စ်ဂျီတွင် မက်ဆီ၏ လက်ရှိစာချုပ်သည် တတိယရွေးချယ်မှုဖြင့် နှစ်နှစ်ဖြစ်သော်လည်း နောက်ဆုံး ၁၂ လကို နှစ်ဖက်စလုံးမှ အစပျိုးခဲ့ရသည်။ မက်ဆီသည် လက်လှမ်းမမီသောအရာမဟုတ်ဟူသော ခံစားချက်သည် ဆော်ဒီတွင် ကြီးထွားလာသည့်အ ပြင် လာမည့်ရာသီများတွင် ဆာလာနှင့် ဒီဘရိုင်းနားတို့ကို ပစ်မှတ်ထားမည်ဖြစ်ကြောင်းလည်း Sports Myan မှ သိရသည်။
ဆော်ဒီပရိုလိဂ်၏ အမှုဆောင်ဥက္ကဋ္ဌနှင့် CEO အသစ်အဖြစ် မန်စီးတီးအသင်း၏ စီအီးအိုဟောင်း ဂယ်ရီကွတ်ခ်ကို ခန့်အပ်လိုက်ပြီဖြစ်သည်။ အဓိကဥ ရောပလိဂ်များကို ပြိုင်ဆိုင်သည့် လိဂ်တစ်ခုရှိရန် ဆော်ဒီအာရေးဘီးယား၏ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်သူတစ်ဦးအဖြစ် ကွတ်ခ်က ရှုမြင်ခံထားရသည်။

အလွန်မျှော်လင့်ထားသော ရော်နယ်ဒိုနှင့် မက်ဆီတို့ ပြိုင်ဆိုင်မှုသည် ယခုလအတွင်း Riyadh All-Star XI နှင့် PSG တို့၏ ပြပွဲဂိမ်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်။

King Fahd အားကစားကွင်းတွင် အဆိုပါ ပွဲထွက်ပွဲစဉ်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှုက မက်ဆီကို ဆော်ဒီပရိုလိဂ်တွင် ထားရှိလိုသော ဆန္ဒကို မြှင့်တင်ပေးခဲ့သည်။ Al Nassr အတွက် စီရော်နယ်ဒို၏ ပွဲဦးထွက်ပွဲအပေါ် ရှုမြင်ပုံပမာဏကလည်း ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ မီဂါစတားများကို ပိုမိုဆွဲဆောင်နိုင်ပြီး “အခြေခိုင်နေ သော ဘောလုံးဗဟိုချက်” ဖြစ်လာနိုင်သည်ဟူသော ဆော်ဒီအာရေးဗီးယား၏ ယုံကြည်ချက်အား ပိုမိုခိုင်မာစေခဲ့ကြောင်း သိရသည်။