မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့၏နေရာကို ဆက်ခံမည့်သူအဖြစ် အနာဂတ်တွင် ဘာပေနှင့် ယှဉ်ပြိုင်ရမည်ဟု ဖော်ပြမှုများမှာ မဖြစ်နိုင်ကြောင်း ဟော်လန်း ပြောကြား

မန်စီးတီးတိုက်စစ်မှူး ဟော်လန်းက မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့၏နေရာကို ဆက်ခံမည့်သူအဖြစ် အနာဂတ်တွင် PSG ကြယ်ပွင့်တိုက်စစ်မှူး ဘာပေနှင့် ၎င်းတို့ ယှဉ်ပြိုင်ရမည်ဟု ဖော်ပြနေမှုများမှာ မဖြစ်နိုင်ကြောင်း၊  မိမိကိုယ်မိမိ အခြားကစားသမားများနှင့် နှိုင်းယှဉ်ခြင်းကို မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။ 

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနှင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့သည် ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လွှမ်းမိုးခဲ့ကြပြီး အဓိကဆုများကို အပြိုင်ရယူခဲ့ကြသည်။ သို့သော် လက်ရှိတွင် မက်ဆီမှာ အသက် ၃၅ နှစ်ကျော်ပြီဖြစ်သလို စီရော်နယ်လ်ဒိုတို့မှာလည်း အသက် ၃၇ နှစ် ကျော်လွန်လာပြီဖြစ်သည်။ 

myan789

ထို့ကြောင့် ဘောလုံးပရိသတ်များနှင့် မီဒီယာများအကြား အနာဂတ်တွင် မက်ဆီနှင့် စီရော်နယ်လ်ဒို၏ နေရာကို မည်သူအစားထိုးမည်ဆိုသည်ကို အငြင်းပွားမှုများရှိနေပြီး ၎င်းတို့နေရာကို PSG တိုက်စစ်မှူး ဘာပေနှင့် မန်စီးတီးတိုက်စစ်မှူး ဟော်လန်းတို့ ဆက်ခံလိမ့်မည်ဟု သုံးသပ်မှုများ ရှိနေသည်။ 

အသက် ၂၂ နှစ်အရွယ်ရှိ ဟော်လန်း သည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲတွင် ၂၄ ဂိုးအထိ သွင်းယူထားပြီး အသက် ၂၄ နှစ်အရွယ်ရှိ ဘာပေမှာမူ PSG အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ တွင် ၁၉ ဂိုး သွင်းယူထားသည်။ ထို့ပြင် ဘာပေ သည် ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို သွင်းဂိုးရှစ်ဂိုးဖြင့် ရွှေဖိနပ်ဆုကိုလည်း ရယူနိုင်ခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့၏ နေရာကို ၎င်းတို့နှစ်ဦး ဆက်ခံမည်ဟု မီဒီယာများက ဖော်ပြနေကြခြင်း  ဖြစ်သည်။ 

သို့သော် ဟော်လန်းက မိမိအနေဖြင့် အခြားသူများနှင့်နှိုင်းယှဉ်မှုကို မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။ “ဘာပေနဲ့ ပြိုင်ရမယ်လို့ ဖော်ပြနေကြတာတွေက မဖြစ်သင့်ပါဘူး။ ကျွန်တော့်ကို တခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုး ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်ကတော့ ကစားသမားတစ်ယောက်ချင်းစီက သူ့ပုံစံနဲ့သူလိုပဲ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ နှိုင်းယှဉ်တာမျိုးတွေကို သဘောမကျပါဘူး” ဟု ဟော်လန်းက ပြောကြားခဲ့သည်။ 

ထို့ပြင် ဟော်လန်းက မက်ဆီနှင့် စီရော်နယ်လ်ဒိုသည် တစ်ဦးကိုတစ်ဦးကို ပိုကောင်းအောင် တွန်းအားပေးခဲ့ကြကြောင်းလည်း ပြောကြားခဲ့သည်။ “နောက်ဆုံး ၁၀ နှစ်အတွင်း မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ ကြိုးစားမှုတွေက မီဒီယာတွေက ပြိုင်ဆိုင်မှုလို့ ခေါင်း စဉ်တပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး ပိုကောင်းအောင် တွန်းအားပေးခဲ့တယ်လို့ပဲ မြင်ပါတယ်။ သူတို့ဟာ ဘာစီလိုနာနဲ့ ရီးယဲလ်မှာ ပြိုင်ဘက်တွေအဖြစ် ကစားခဲ့ကြတယ်။ ဘာပေနဲ့ ကျွန်တော့်ကြားမှာ အဲဒီလို ဖြစ်လာမယ်လို့ မထင်ပါဘူး”ဟု ဟော်လန်းက ပြောကြားခဲ့သည်။ 

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular