အေစီမီလန်နှင့် နယ်သာလန်ဂန္ထဝင် ဗန်ဘက်စတန်က PSG တိုက်စစ်မှူး မက်ဆီထက် မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ပိုကောင်းသည်ဟု ပြောဆိုနေသူများမှာ ဘောလုံးအကြောင်းကို မသိသူများသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လွှမ်းမိုးခဲ့ကြသည့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် လက်ရှိဘောလုံးလောက၏ အကောင်းဆုံးကစားသမားများအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၎င်းတို့နှစ်ဦးတွင် မည်သူက ပိုကောင်းသည်ဆိုသော အငြင်းပွားမှုများလည်း ရှိနေသည်။
ယခုအခါ ဗန်ဘက်စတန်က ”စီရော်နယ်လ်ဒိုက ကြီးကျယ်ခမ်းနားတဲ့ကစားသမားပါ။ ဒါပေမဲ့ စီရော်နယ်လ်ဒိုက မက်ဆီထက် ပိုကောင်းတယ်လို့ ပြောဆိုနေသူတွေဟာ ဘောလုံးအကြောင်း မသိသူတွေသာဖြစ်ပါတယ်။ မက်ဆီလိုကစားသမားက နှစ် (၅၀) ဒါမှမဟုတ် နှစ် (၁၀၀) မှာမှ တစ်ဦးပေါ်ထွက်လာတတ်ပြီး သူဟာ ဘောလုံးပါရမီရှင်လည်း ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။
သို့သော် ဗန်ဘက်စတန်က ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး(၃)ဦးမှာမူ ပီလီ၊ မာရာဒိုနာနှင့် ဟိုဟန်ခရိုက်ဖ်တို့သာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။