မန်ယူအသင်း၏ ပွဲစဉ်များတွင် တောက်လျှောက်ဝေဖန်ခံနေရသည့် အသင်းခေါင်းဆောင် မက်ဂွိုင်းရားနှင့် ပတ်သက်ပြီး နာမည်ကြီး ပရီးမီးယားလိဂ်ကစားသမားတစ်ဦးဖြစ်သလို၊ ဟားလ်စီးတီးအသင်းဖော်ဟောင်းတစ်ဦးလည်းဖြစ်သည့် အယ်လ်မိုဟာ မန်ဒီက ဝေဖန်ပြောဆိုမှုများပြုလုပ်ခဲ့သည်။
မိုဟာမန်ဒီသည် ဟားလ်စီးတီးအသင်းတွင် မက်ဂွိုင်းရားနှင့် တွဲကစားခဲ့ဖူးသူဖြစ်ပြီး မက်ဂွိုင်းရား၏ခေါင်းဆောင်အရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်ခဲ့ခြင်းလည်းဖြစ်သည်။
အယ်လ်မိုဟာမန်ဒီက ”ဟယ်ရီက ကျွန်တော်နဲ့ ဟားလ်စီးတီးမှာ အတူတူ ကစားခဲ့ဖူးသူဖြစ်ပြီး ရိုးရိုးသားသားပြောရရင် သူ့အဆင့်က မန်ယူအသင်း ခေါင်းဆောင်အဆင့် မဟုတ်ပါဘူး။ မန်ယူအသင်း လိုနေတာက မာကျောတဲ့ စရိုက်လက္ခဏာရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရော်နယ်လ်ဒိုသာ ဆက်ရှိနေဦးမယ်ဆိုရင် နောက်လာမယ့် နည်းပြအနေနဲ့ သူ့ကို အသင်းခေါင်းဆောင်လက်ပတ်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ရော်နယ်လ်ဒိုလို ဖိအားဒဏ်တွေကို ခံနိုင်ရည်ရှိမှုမျိုးက မက်ဂွိုင်းရားဆီမှာ မရှိသလို သူ့အနေနဲ့ လက်စတာမှာပဲဆက်နေခဲ့သင့်ပါတယ်”ဟု ပြောကြားခဲ့သည်။