မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ လူးဝစ် ဆာဟာက လက်ရှိ အသင်းရဲ့ ရလဒ်နဲ့ စွမ်းဆောင်ရည် မတည်မငြိမ် ဖြစ်နေရခြင်း နဲ့ ပတ်သက်လို့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယားကို ဝေဖန် အပြစ်တင်လို့ မရနိုင်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ် 13 မစတင်သေးတဲ့ ကြားရက် အနေအထား တစ်ရပ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယား အဆင့် 8 နေရာမှာ ရပ်တည် နေခဲ့ပြီး တစ်ပွဲလျော့ ကစားထားချိန်မှာ အဆင့်1 နေရာမှ တော့တင်ဟမ်အောက် 5 မှတ် အကွာမှာ ရပ်တည် နိုင်ခဲ့ ပါတယ် ။
သူတို့ တွေဟာ နိုဝင်ဘာလ တုန်းက အာဆင်နယ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့နောက် မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 5 ပွဲဆက် ရှုံးပွဲ မရှိကြသေးတဲ့ ပုံစံကောင်း တစ်ခုကို ပိုင်ဆိုင် ထားခဲ့ကြ ပါတယ် ။ သူတို့ တွေဟာ လေးပွဲဆက် နိုင်ပွဲ ရယူပြီးမှ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ သရေကျခဲ့တာပဲ ဖြစ်ပါတယ် ။
အခြား တစ်ဖက် မှာတော့ သူတို့ တွေဟာ ခံစစ် အမှား ၊ အစောပိုင်း မိနစ် ပေးဂိုး တွေကြောင့် ချန်ပီယံလိဂ်မှာ RB လက်ပ်ဇစ် အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ လက်ပြ နှုတ်ဆက်ခဲ့ရ ပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ် ဟာလည်း မတည်မငြိမ် ဖြစ်ခဲ့ရပါ သေးတယ် ။
ဒါ့အပြင် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ပွဲစဉ် 11 ပွဲ အထိ ကစားပြီးချိန် ပေးဂိုး 17 ဂိုး အထိ ရှိနေခဲ့ခြင်း ကလည်း တစ်ကယ့်ကို စိတ်ပျက်ဖွယ် ကောင်းတဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည် တစ်ခု ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဆာဟာ ကတော့ မက်ဂွားယား ဖက်မှ ကာကွယ် စကားဆိုရင်း တစ်ဦးချင်းစီ အမှားကြောင့် ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။
” မက်ဂွားယားက တစ်ကယ့်ကို ခြေစွမ်း ကောင်းမွန်တဲ့ ဗဟို ခံစစ် ကစားသမား တစ်ယောက်ပါ ။ အဲ့တာကြောင့် ရလဒ်တွေ ဆိုးရွားနေခြင်း ၊ ခံစစ် စွမ်းဆောင်ရည် ညံ့ဖျင်းနေခဲ့ခြင်းတွေ အတွက် ကျွန်တော် သူ့ကို အပြစ်တင် ဝေဖန် ထိုးနှက် သွားမှာ မဟုတ် ပါဘူး ”
” တခါတလေ ကျတော့ သူ မှားတာမျိုး ရှိတတ် ပါတယ် ။ တခါတလေ ကျတော့ ဗစ်တာ ( လင်ဒီလော့ဖ် ) မှားတာ တွေလည်း ရှိနေတတ် ပါတယ် ။ ဒါ့အပြင် ခံစစ် နောက်ခံ အစွန်လူတွေ မှားတာ ရှိတတ်ကြ သလို တခါတလေ မှာတော့ ဒေးဗစ် (ဒီဂီယာ) မှားတာမျိုးလည်း ရှိတတ် ပါတယ် ”
” ဒါ့ကြောင့် ခံစစ် ပေးဂိုးတွေ များနေရခြင်းက ခံစစ် ကစားသမားတွေ အားလုံးရဲ့ စုပေါင်း အမှားတွေကြောင့် လို့ပဲ ပြောလို့ရပါ လိမ့်မယ် ။ ပေးဂိုးတွေ အတွက် တစ်စုံတယောက် ကိုပဲ အပြစ်တင် ဝေဖန် နေရအောင် တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသခဲ့သူလည်း မရှိခဲ့သေး ပါဘူး ”
” အကယ်လို့ ခင်ဗျားဟာ ခံစစ်ကစားသမား တစ်စုံ (နှစ်ယောက်) ထားပြီး ကစားနေရင် အမှားတွေ ကတော့ ရှိနေမှာ ပါပဲ ။ ဒါဟာ သဘာဝ ကျတဲ့ ကိစ္စ တစ်ခု ပါပဲ ။ ကျွန်တော်တို့ အဓိက လုပ်ဆာင်ရမယ့် အရာက ခံစစ်မှူး တစ်ယောက် မှားနေခဲ့ရင် နောက် တစ်ယောက်က အဲ့တာကိုလိုက်ပြီး ဖြည့်စွက် ကစားပေးရမယ် ဆိုတာပါပဲ ”
” အသင်းမှာ ပွဲစဉ်ကို ဖတ်ရှု နိုင်စွမ်း ရှိပြီး အမှား တွေကို အမှန် ဖြစ်အောင် ပြန်လည် ဖာထေး ပေးနိုင်မယ့် ကစားသမား တစ်ဦးတော့ လိုအပ် ပါတယ် ။ မက်ဂွားယား ဆိုတာ အသင်းရဲ့ ခံစစ်ပိုင်း အတွက် ယုံကြည်မှုတွေ ယူဆောင်ပေးနိုင်မယ့်သူ အဖြစ် ခေါ်ယူ ခံခဲ့ရသူ တစ်ဦး ပါပဲ ။ ဒါပေမယ့် အဲ့တာကို သူအမြဲတမ်း လုပ်နိုင်မှာ မဟုတ် ပါဘူး ”
” တခါတလေ ကျတော့ သူဟာ ဂိုးသမား ၊ အသင်းဖော် တွေရဲ့ အကူအညီ တွေလည်း လိုအပ်လှ ပါတယ် ။ အဲ့တာ ဆိုရင် အသင်းရဲ့ အခြေခံ အုတ်မြစ်ဟာ ပိုပြီး တောင့်တင်း ခိုင်မာ လာမှာပဲ ဖြစ်ပါတယ် ။ အဲ့တာသာ ဖြစ်လာ နိုင်မယ် ဆိုရင် တိုက်စစ်ပိုင်း ကစားသမား တွေလည်း စိတ်ရှိ သလောက် တိုက်စစ်ဆင် ကစားပေးခွင့် ပိုင်ဆိုင် နိုင်ကြပါ လိမ့်မယ် ”
” လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ဂိုး အလွယ်တကူ ပေးဆောင်နေခဲ့ ရတာကြောင့် သူတို့ တွေလည်း ခံစစ်ပိုင်းကို တက်နိုင်သလောက် လုံခြုံ စေဖို့ အကူအညီ ပေးနေခဲ့ရ ပါတယ် ။ အဲ့တာက အသင်းကို တစ်ဖြန် ပြန်လည် တိုက်စစ်ဆင် ကစားစေရေးမှာ အခက်အခဲ ဖြစ်စေခဲ့တာ ပါပဲ ” လို့ ဆာဟာ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။