ယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟက်ဟာ ဝေဖန်ခြင်းခံခဲ့ရတဲ့ မက်ဂွါရီရဲ့ အသင်းခေါင်းဆောင်ရာထူးကို ၂၀၂၃ ခုနှစ်တွင် ဖာနန်ဒက်စ်ထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်တိုက်စစ်ကစားသမားဟာ ယူနိုက်တက်ရဲ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး မကြာသေးမီက ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့သော်လည်း သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်ဟာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။
မကြာသေးမီက ဘောက်ဆင်ဒေးတွင် ဝုဗ်အားရှုံးနိမ့်ခဲ့တဲ့ပွဲက အနီကဒ်အတွက် အသက် ၃၀ အရွယ်ကစားက တာဝန်ယူရမှာဖြစ်ကြောင်း ဆောင်းနက်စ်က ပြောကြားထားပါတယ်။
သရဲနီတွေဟာ ၎င်းတို့ရဲ့သမိုင်းတွင် အနိမ့်ဆုံးရအမှတ်များထဲမှ တစ်ခုကို ကြံ့ကြံ့ခံနေရတာဖြစ်ပြီး အာမိုရင်ဟာ အသင်းတွင် ကွင်းအတွင်း ခေါင်းဆောင်များအတွက် လိုအပ်နေတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။
ယူနိုက်တက်နည်းပြချုပ်က မက်ဂွါရီကို ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အံ့အားသင့်စရာကောင်းတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သောကြာနေ့က မှတ်ချက်ပေးခဲ့သလို အင်္ဂလန်နောက်ခံလူကို ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
“ကျွန်တော်တို့က သူ့ကို အများကြီး လိုအပ်သလို သူလည်း ခေါင်းဆောင်တစ်ယောက်အဖြစ် တိုးတက်အောင်လုပ်ရပါမယ်။၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးက သူဒီမှာရှိနေတဲ့ အခြေအနေကို သိပေမယ့် ဒီအခိုက်အတန့်မှာ သူ့ကို အများကြီး လိုအပ်နေတာမို့ ဟယ်ရီအတွက် ပျော်ရွှင်စရာ ရွေးချယ်စရာတွေ ပေါ်လာပါတော့မယ်” လို့ အမ်မိုရင်က ပြောပါတယ်။
အသင်းခေါင်းဆောင်ရာထူးကို မထင်မှတ်ဘဲ ဖယ်ရှားခံရသော်လည်း မက်ဂွါရီဟာ အသင်းကိုနောက်တစ်ကြိမ် ဦးဆောင်ဖို့အတွက် အခွင့်အရေးနှင့်ထိုက်တန်ကြောင်း ယူနိုက်တက်ဂန္တဝင် အီဗရာက ယုံကြည်နေပါတယ်။
မက်ဂွါရီရဲ့ စာချုပ်သက်တမ်းတိုးမှုသတင်းကို မျှဝေထားသည့် အင်စတာဂရမ်ပို့စ်တစ်ခုအား ပြန်လည်ဖြေကြားရာတွင် နောက်ခံလူဟောင်းက “သူ့လက်ပတ်ကို ပြန်ပေးလိုက်ပါ”
“နောက်ဆုံးမှာတော့ သူက ခံနိုင်ရည်ရှိပြီး ခေါင်းဆောင်မှုကို ပြသခဲ့တယ်” လို့ ပြောထားပါတယ်။
မက်ဂွါရီဟာအိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ မျှော်လင့်ခဲ့ပေမယ့် အပြောင်းအရွှေ့အတွက် တန်ဟက်ရဲ့ ပယ်ချခြင်းခံရပြီး ဝက်စ်ဟမ်းအသင်းထံ အပြောင်းအရွှေ့ နီးကပ်လာချိန်မှာတော့ သူဟာ အသင်းမှာ ဆက်ရှိနေခဲ့ကာ ယူနိုက်တက်အတွက် အသုံးဝင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ စက်တင်ဘာလအတွင်းက ဘန်စလေကိုအနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲတွင် ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ထပ်မံပါဝင်လာခဲ့သော်လည်း ဖာနန်ဒက်စ် ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ပွဲမှာတော့ လီဆန်ဒရိုမာတီနက်ဇ်ကသာ လက်ပတ်ကိုဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ပြိုင်ဘက် လီဗာပူးအသင်းနှင့် ရင်ဆိုင်ရမယ့်ပွဲမှာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ထပ်မံတာဝန်ယူမှာဖြစ်ပါတယ်။