spot_img

မက်ဂရီဂေါ်နှင့် ထိုးသတ်ခွင့်မပေးခဲ့သည့် ဒေနာဝှိုက်၏အကြောင်းပြချက်မှာ ဆင်ခြေတစ်ခုသာဖြစ်သည်ဟု ဂျိတ်ပေါလ် တုံ့ပြန်

လက်ဝှေ့ပွဲများထိုးသတ်နေသည့် နာမည်ကြီး YouTuber တစ်ဦးဖြစ်သူ ဂျိတ်ပေါလ်က အိုင်ယာလန် MMA အားကစားသမားဖြစ်သူ မက်ဂရီဂေါ်နှင့် Octagon တွင် ထိုးသတ်ရန် ကမ်းလှမ်းခဲ့သော်လည်း UFC ပြိုင်ပွဲ ဥက္ကဋ္ဌ ဒေနာဝှိုက်က ငြင်းဆန်ခဲ့သည့်အကြောင်းပြချက်မှာ ဆင်ခြေတစ်ခုသာဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ဒေနာဝှိုက်က ဂျိတ်ပေါလ်သည် မက်ဂရီဂေါ်နှင့်ထိုးသတ်ရန် ခန္ဓာကိုယ်ကြီးမားသည်ဟုဆိုကာ ပယ်ချခဲ့ခြင်းဖြစ်ပြီး ဂျိတ်ပေါလ်ဘက်မှ ဆင်ခြေပေးမှုသာဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ “သူ(ဂျိတ်ပေါလ်)ဟာ ကော်နာမက်ဂရီဂေါ်နဲ့ထိုးသတ်ဖို့ မသင့်တော်ပါဘူး။ ဒီကောင်လေးတွေ(ပေါလ်ညီအစ်ကို)က ခန္ဓာကိုယ်ကြီးမားသူတွေပါ။ သူလည်း ကြီးသလို၊ သူ့အစ်ကိုလည်း ကြီးမားပါတယ်။ သူက အရပ် (၆)ပေ (၁)လက်မ၊ ပေါင် (၂၁၀)ရှိပြီး ကော်နာမက်ဂရီဂေါ်က (၁၄၅)၊ (၁၅၅) ပေါင်တန်းလောက်ပဲရှိပါ တယ်။ ခန္ဓာကိုယ်အလေးချိန်က အဓိကအကြောင်းပြချက်ပါပဲ”ဟု ဒေနာဝှိုက်က ပြောကြားခဲ့သည်။

myan789

ယင်းစကားနှင့် ပတ်သက်ပြီး ဂျိတ်ပေါလ်က ” ဒေနာဝှိုက်ဟာ ဒီယက်ဇ်နဲ့ မက်ဂရီဂေါ်ကို တတိယအကြိမ်ထိုးသတ်ဖို့ အသေအလဲ ကြိုးပမ်းနေတယ်။ သူတို့ဟာ ပြီးခဲ့တဲ့နှစ်ပွဲစလုံးမှာ (၁၇၅) ပေါင်နဲ့ ထိုးသတ်ခဲ့တာပါ။ ကျွန်တော်လည်း မက်ဂရီဂေါ် နဲ့ (၁၇၅)ပေါင်တန်းမှာ ထိုးသတ်ဖို့ ပြဿနာမရှိပါဘူး။ ဆင်ခြေပေးတာကို ရပ်တန့်ပေးပါ” ဟု Twitter မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။

ဂျိတ်ပေါလ်သည် ပြီးခဲ့သည့်ရက်သတ္တပတ်က မက်ဂရီဂေါ်နှင့်ထိုးသတ်ရန်အတွက် UFC နှင့် တစ်ပွဲစာ စာချုပ်ချုပ်ဆိုရန် ဒေနာဝှိုက်ထံ တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။ ယင်းတောင်းဆိုမှုတွင် ဂျိတ်ပေါလ်က သူ့အနေဖြင့် မက်ဂရီဂေါ်ကို အနိုင်ရခဲ့လျှင် UFC အနေဖြင့် စာချုပ်ချုပ်ဆိုထားသည့် MMA ကစားသမားများကို ပိုမိုကောင်းမွန်သည့် ငွေကြေးပေးချေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ရမည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့လျှင်မူ ယင်းပွဲမှ ၎င်းရရှိမည့် ဆုကြေးအားလုံးကို တစ်ပွဲလျှင် ထိုးသတ်ကြေး ဒေါ်လာ (၅၀၀၀၀)အောက်သာ ရရှိနေသည့် တိုက်ခိုက်ရေးသမားအားလုံးကို ခွဲဝေလှူဒါန်းသွားမည်ဟု ကတိပြုခဲ့သည်။

အသက် (၂၅) နှစ်အရွယ်သာရှိသေးသူ ဂျိတ်ပေါလ်သည် ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲပေါင်း (၅)ပွဲအထိ ထိုးသတ်ထားပြီး YouTuber ဖြစ်သူ AnEsonGib ကို ပထမအချီတွင် ဒိုင်ပွဲရပ်၊ UFC ဘက်စကတ်ဘောသမားဟောင်း နိတ်ရော်ဘင်ဆင်ကို ဒုတိယအချီတွင် အလဲထိုး၊ UFC ကစားသမားဟောင်း ဘင်အက်စ်ခရန်ကို ပထမအချီတွင် အလဲထိုး၊ UFC ကစားသမားဟောင်းပင်ဖြစ်သည့် တိုင်ရွန်ဝုလ်ဒ်နှင့် (၂)ပွဲထိုးသတ်ရာ၌ ပထမပွဲတွင် အမှတ်အဆုံးအဖြတ်နှင့် ဒုတိယပွဲတွင် (၆)ချီမြောက်၌ အလဲထိုးဖြင့် အသီးသီးအနိုင်ရရှိထားခဲ့သည်။

မက်ဂရီဂေါ်သည် UFC နှင့်ချုပ်ဆိုထားသည့် စာချုပ်အရ (၂)ပွဲထိုးသတ်ပေးရန် ကျန်ရှိနေပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ဂျိတ်ပေါလ် နှင့် လက်ဝှေ့ပွဲထိုးသတ်သွားဖွယ်ရှိသည်။ ၎င်းအနေဖြင့် လာမည့်နွေရာသီ(သို့မဟုတ်)ဆောင်းဦးတွင် UFC ပွဲပြန်လည်ထိုးသတ်ဖွယ်ရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular