ဒေါ့မွန် – မိန့်ဇ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၀၀ နာရီ)
ဒေါ့မွန်အသင်းရဲ့အိမ်ကွင်းမှတ်တမ်းတွေက ပြိုင်ဘက်အသင်းတွေအတွက် စိုးရိမ်စရာကောင်းပါတယ်။ ဒါပေမဲ့ အိမ်ကွင်း(၈)ပွဲဆက် အနိုင်ကစားထားရာမှာ (၁)ပွဲသာ Clean Sheet ရရှိခဲ့တာက ဒေါ့မွန်ခံစစ်ပိုင်းက စိတ်ချလို့မရတဲ့ အနေအထားမှာရှိနေတယ်ဆိုတာ သက်သေပြနေတယ်။ တစ်ဖက်မှာ ဇယားထိပ်ဆုံးက ဘိုင်ယန်နဲ့ လေဗာကူဆင်တို့ ထိပ်တိုက်တွေ့နေလို့ သရေသာဖြစ်ခဲ့ရင် ဒေါ့မွန်အသင်း ဇယားထိပ်တက်နိုင်မယ့် အခွင့်အရေးလည်းရှိပါတယ်။ မိန့်ဇ်ကတော့ (၃)ပွဲ ဆက် နိုင်ပွဲပျောက်မှုနဲ့ ရလဒ်ပိုင်း ယိုင်သွားခဲ့တယ်။ ဒေါ့မွန်ကိုပဲ ရွေးချယ်ချင်တယ်။
ဖရန့်ဖတ် – ဟာသာဘာလင် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၀၀ နာရီ)
ဖရန့်ဖတ်အသင်း နောက်ဆုံးကစားထားတဲ့ပွဲမှာ နိုင်ပွဲ စယူနိုင်ခဲ့တယ်။ ဟာသာဘာလင်ရဲ့လက်ရှိပုံစံမျိုးနဲ့ ဖရန့်ဖတ် နိုင်ပွဲဆက်ဖို့များတယ်။
အူန်ယွန်းဘာလင် – ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ချန်ပီယံလိဂ်ဝင်လာချိန်မှာ ရလဒ်ပိုင်းက အတော်လေးကျဆင်းသွားတယ်။ ချန်ပီယံလိဂ်မှာလည်း အာရုံစိုက်ရမယ့်အချိန်ဖြစ်နေလို့ အူန်ယွန်းဘာလင် အနိုင်နဲ့ သရေပါပဲ။
ဖရိုင်းဘတ် – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၀၀ နာရီ)
ဖရိုင်းဘတ်အသင်းက ဘွန်ဒစ်လီဂါမှာ တစ်သင်းတည်းသော ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် ရပ်တည်နေတာပါ။ လိုက်ပ်ဇစ်အသင်း နိုင်ပွဲဆက်ထားပေမဲ့ အဝေးကွင်းဖြစ်နေလို့ ယုံကြည်လို့တော့ မရပါဘူး။ ဒီရာသီအဝေးကွင်းပွဲတွေမှာလည်း (၃)ပွဲစလုံး နိုင်ပွဲမရှိဘဲ (၁)ပွဲသရေ၊ (၂)ပွဲရှုံးထားခဲ့တယ်။ ဖရိုင်းဘတ် အမှတ်ရဦးမယ်ထင်တယ်။
ဂရိုင်သာဖက်သ် – ဘိုဟုမ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၈:၀၀ နာရီ)
တန်းတက်အသင်းအချင်းချင်း တွေ့ဆုံကြတာဖြစ်ပေမဲ့ ဂရိုင်သာဖက်သ်ထက် ဘိုဟုမ်က ရလဒ်ပိုကောင်းပါတယ်။ ဘိုဟုမ်ဘက်ကပဲ ရပ်တည်သင့်တယ်။
မိုချန်ဂလာဘတ် – စတုဂတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် ည ၁၁:၀၀ နာရီ)
စတုဂတ်အသင်း နိုင်ပွဲပြန်ရထားပေမဲ့ မိုချန်ဂလာဘတ်ရဲ့ လက်ရှိခြေစွမ်းကို တားဆီးနိုင်မယ်မထင်ဘူး။ မိုချန် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။