စတုဂတ် – ဖရိုင်းဘတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၀၀ နာရီ)
ဒီနှစ်သင်းအကြား ကစားသမားအင်အား၊ ခြေစွမ်းပိုင်း ကွာဟချက် သိပ်ကြီးကြီးမားမားမရှိတာ ထည့်တွက်ရလိမ့်မယ်။ ဖရိုင်းဘတ် အမှတ်ရမှာပါ။
မိန့်ဇ် – ဂရိုင်သာဖက်သ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၀၀ နာရီ)
မိန့်ဇ်အသင်းက လိုက်ပ်ဇစ်ကို အနိုင်ကစားပြီးမှ တန်းတက် ဘိုဟုမ်ကို ပြန်အရေးနိမ့်ခဲ့ရတယ်။ ဒီတစ်ပွဲတော့ မိန့်ဇ် ပြန်အနိုင်ယူလိမ့်မယ်။
အော့စ်ဘတ် – လေဗာကူဆင် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၀၀ နာရီ)
အော့စ်ဘတ်က နိုင်ပွဲမရသေးပေမဲ့ အသင်းကြီးတွေကို ဒီရာသီမှာလည်း ဒုက္ခပေးဦးမယ့်ပုံပါ။ လေဗာကူဆင်ရဲ့ အဝေးကွင်းက စိတ်ချလို့တော့ မရသေးပါဘူး။ အော့စ်ဘတ်နဲ့ စွန့်စား တာ ပိုကောင်းမယ်။
အာမီးနီးယား – ဖရန့်ဖတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၀၀ နာရီ)
ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုမှာတော့ အာမီးနီးယားကွင်းမှာ ဖရန့်ဖတ် ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အာမီးနီးယားရဲ့ လက်ရှိရလဒ်ပိုင်းမဆိုးလို့ အမှတ်မျှော်လင့်နိုင်တယ်။
ကိုလုံး – ဘိုဟုမ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၈:၀၀ နာရီ)
နိုင်ပွဲစရသွားတဲ့ တန်းတက် ဘိုဟုမ်အသင်း စိတ်ဓာတ် တက်နေနိုင်ပါတယ်။ ကိုလုံးကလည်း ဒီရာသီ ခြေစွမ်းမဆိုးလို့ အိမ်ကွင်းမှာ အနိုင်ကစားလိမ့်မယ်။
ဘိုင်ယန်မြူးနစ် – ဟာသာဘာလင် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် ည ၁၁:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ပြီးခဲ့တဲ့အမှတ်ပေးပွဲ (၂)ပွဲမှာ ပရိသတ်စိတ်ကြိုက် မဖြစ်ခဲ့ဘူး။ လီဝန်ဒေါစကီး ပုံမှန်ဂိုးသွင်းနေဆဲဖြစ်ပေမဲ့ အသင်းက တိုက်စစ်၊ ခံစစ်ဟန်ချက်မမျှသလို ဖြစ်နေတယ်။ ဟာသာဘာလင်က ဘိုင်ယန်ကို မကြာခဏဒုက္ခပေးတတ်ပြီး နောက်ဆုံးတွေ့ဆုံမှု (၁၀)ပွဲမှာ ဘိုင်ယန် ဂိုးပြတ် နိုင်တာ (၁)ပွဲပဲရှိခဲ့တယ်။ ဘိုင်ယန် (၃)ဂိုးပြတ်ဖို့ မလွယ်ဘူး။