ဖရန့်ဖတ် – ဂရိုင်သာဖက်သ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၀၀ နာရီ)
ဖရန့်ဖတ်အသင်းက လတ်တလောမှာ ဥရောပဝင်ခွင့်အတွက် အခြေအနေပြန်ကောင်းလာတယ်။ ဖရန့်ဖတ်အသင်းကိုပဲ ရွေးချယ်ချင်တယ်။
လေဗာကူဆင် – ဟာသာဘာလင် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၀၀ နာရီ)
ဟာသာဘာလင်က နောက်ဆုံးပွဲမှာ ဟော်ဖန်ဟင်မ်ကို ဂိုးပြတ်အနိုင်ယူထားလို့ အသင်းစိတ်ဓာတ်ပိုင်း အပြောင်းအလဲ ဖြစ်လာနိုင်တယ်။ လေဗာကူဆင် နိုင်ပွဲဆက်နိုင်ပေမဲ့ ဂိုးပြတ်ဖို့တော့ မရှိဘူး။
ဖရိုင်းဘတ် – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ကစားဖို့ရှိတာက ဖရိုင်းဘတ်အတွက် မျှော်လင့်ချက်ရှိလာနိုင်တယ်။ ရာသီကုန်မှာ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရေးအတွက် အမှားလုပ်လို့မရတော့တာကြောင့် ဖရိုင်းဘတ်အသင်း အမှတ်ရဖို့ အားကုန်ရုန်းကန်လာနိုင်တယ်။ ဖရိုင်းဘတ်တို့ မထင်မှတ်ဘဲ အမှတ်လျော့တတ်တဲ့ပွဲတွေရှိပေမဲ့ လက်ရှိရလဒ်ပိုင်းအရတော့ တည်ငြိမ်မှုရှိတာကို ပြသနေတယ်။ ဘိုင်ယန်ကတော့ ချန်ပီယံလိဂ်အရှိန်ကြောင့် လူစုံထုတ်ရင်တောင် အာရုံအပြည့်အဝထည့်ကစားဖို့ ရာခိုင်နှုန်းနည်းပါတယ်။ ဖရိုင်းဘတ်ကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။
ဟော်ဖန်ဟင်မ် – ဘိုဟုမ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်း ရလဒ်တွေ ဆက်တိုက်ကောင်းလာပြီးမှ ဟာသာဘာလင်ကို မထင်မှတ်ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့တယ်။ ဘိုဟုမ် အမှတ်သိပ်မလိုလို့ ဟော်ဖန်ဟင်မ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
အာမီးနီးယား – စတုဂတ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၀၀ နာရီ)
စတုဂတ်အသင်းက နောက်ပိုင်းပွဲတွေမှာ Rhythm မှန်လာတာတွေ့ရတယ်။ ခြေစွမ်းမကွာလို့ စတုဂတ် အနိုင်ရဖို့တော့ မဖြစ်နိုင်ဘူး။
ဒေါ့မွန် – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၁၁:၀၀ နာရီ)
ပထမအကျော့မှာ လိုက်ပ်ဇစ်အသင်း အနိုင်ကစားထားပေမဲ့ အဲဒီမတိုင်မီ တွေ့ဆုံမှုတွေမှာတော့ ဒေါ့မွန်ကပဲ အသာစီးယူထားတာ တွေ့ရတယ်။ အမှတ်ပေးဇယားကိုကြည့်ရင်တော့ ဒေါ့မွန်အတွက် ချန်ပီယံအိပ်မက် မက်လို့ရသေးပေမဲ့ ဘိုင်ယန်ကို အမီလိုက်ဖို့က ဖြစ်နိုင်ခြေနည်းနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လိုက်ပ်ဇစ်အသင်းက အမှတ်ပိုလိုအပ်နေတဲ့ အနေ အထားပါပဲ။ ဒါပေမဲ့ လိုက်ပ်ဇစ်အသင်း တစ်ဖက်မှာ ယူရိုပါလိဂ်ကြောင့် အာရုံများနေနိုင်တဲ့ အနေအထားရှိတာကို ထည့်တွက်ရမှာပါ။ အိမ်ကွင်းမှာတော့ ဒေါ့မွန်အသင်း အနိမ့်ဆုံးသရေ ကစားလိမ့်မယ်။