ဒေါ့မွန် – ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၈:၀၀ နာရီ)
ဒေါ့မွန်က အခုပွဲပြီးရင် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲရှိနေလို့ အခုပွဲကို ဘယ်လိုရင်ဆိုင်ကစားမလဲဆိုတာ စိတ်ဝင် စားစရာကောင်းပါတယ်။ ဒါပေမဲ့ ဒေါ့မွန်အဖို့ ဘွန်ဒစ်လီဂါမှာလည်း ထိပ်ဆုံး(၄)သင်းဝင်ဖို့အတွက် အမှတ်ထပ်လျော့ခံရလို့ မဖြစ်တဲ့အခြေအနေရောက်နေတာကြောင့် အင်ပြည့်အားပြည့် ပွဲထွက်လာဖို့ရှိပါတယ်။ ဟော်လန်းက ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲမှာအသင်းအတွက် (၆) ဂိုးသွင်းထားပြီး ဒေါ့မွန်ရဲ့ရလဒ်ပိုင်းကလည်း သူ့အပေါ် အများကြီးမှီခိုနေတယ်။ ဖရန့်ဖတ်ကတော့ လတ်တလောရလဒ်ပိုင်း မဆိုးပါဘူး။ ဒေါ့မွန်ကွင်းဖြစ်လို့ အိမ်ရှင်ပဲ အနိုင်ရဖို့များပါတယ်။
လေဗာကူဆင် – ရှော်လ်ကေး (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၈:၀၀ နာရီ)
ရလဒ်ဆိုးနေတဲ့နှစ်သင်း တွေ့ဆုံကြတာဖြစ်ပေမဲ့ အခြေအနေချင်းတော့ မတူပါဘူး။ ဒါပေမဲ့ လေဗာကူဆင်အနေနဲ့ လက် ရှိခြေစွမ်းအရ (၃)ဂိုးပြတ်သွင်းဖို့မလွယ်လို့ ရှော်လ်ကေးနဲ့စွန့် စားတာပိုကောင်းမယ်။
ဝုလ်ဖ်ဘတ် – ကိုလုံး (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၈:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ဒီရာသီ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့အပြင် နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေကိုလည်း အနိုင်ကစားထားတာ တွေ့ရတယ်။ ကိုလုံးက နောက်ဆုံးပွဲမှာ ဒေါ့မွန်ကို သရေကစားထားပေမဲ့ နိုင်ပွဲပျောက်နေတာကြာပြီဖြစ်လို့ အသင်းလိုက်ယုံကြည်မှုကျဆင်းနေနိုင်တာ ထည့်တွက်ရမယ်။ ဝုလ်ဖ်ဘတ် အ နိုင်သေချာပါတယ်။
မိန့်ဇ် – အာမီးနီးယား (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၈:၀၀ နာရီ)
တန်းဆင်းဇုန်ပြိုင်ဘက်အသင်းအချင်းချင်း တွေ့ဆုံမှုမှာ မိန့်ဇ်အနေနဲ့ အမှတ်ပြည့်ယူနိုင်ရင် အတော်လေးအခြေအနေ ကောင်းသွားမှာပါ။ မိန့်ဇ်ပဲ အနိုင်ရဖို့များတယ်။
အော့စ်ဘတ် – ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၈:၀၀ နာရီ)
အော့စ်ဘတ်အသင်းရဲ့အိမ်ကွင်းရလဒ်ပိုင်းက တည်ငြိမ်တယ်လို့တော့ ပြောနိုင်ပါတယ်။ ရှုံးပွဲဆက်နေတဲ့ ဟော်ဖန်ဟင်မ် အသင်း အမှတ်ပြည့်ရဖို့မရှိပါဘူး။
လိုက်ပ်ဇစ် – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၁၁:၀၀ နာရီ)
ဘွန်ဒစ်လီဂါနောက်ဆုံးတွေ့ဆုံမှု (၃)ပွဲဆက် သရေကျထားပြီး လိုက်ပ်ဇစ်အသင်းအဖို့ လက်ရှိခြေစွမ်းနဲ့သာဆိုရင် ဘိုင်ယန်ကို ဒုက္ခပေးနိုင်စွမ်းအပြည့်ရှိပါတယ်။ ဘိုင်ယန်အနေနဲ့ ဒီပွဲသာအနိုင်ကစားရင် ချန်ပီယံဆုအတွက် အလားအ လာကောင်းသွားမှာဖြစ်ပေမဲ့ အသင်းဂိုးသွင်းစက် လီဝန်ဒေါစကီး ဒဏ်ရာရသွားတာကလည်း သက်ရောက်မှုကြီးမားလိမ့် မယ်။ ဘိုင်ယန်အသင်း ဘွန်ဒစ်လီဂါနောက်ဆုံး(၄)ပွဲမှာ (၁၆)ဂိုးသွင်းယူခဲ့ပြီး ဒီသွင်းဂိုးအားလုံးရဲ့(၅၀%)ကျော်ကို လီဝန် ဒေါစကီးတစ်ဦးတည်းက သွင်းယူခဲ့တာပါ။ လိုက်ပ်ဇစ်အသင်း အမှတ်ယူမယ်ထင်တယ်။
မိုချန်ဂလာဘတ် – ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၄ ရက် နံနက် ၁:၀၀ နာရီ)
နိုင်ပွဲပြန်တွေ့ထားတဲ့ မိုချန်ဂလာဘတ်အသင်း ဘွန်ဒစ်လီဂါတစ်ခုတည်းကိုပဲ အပြည့်အဝအာရုံစိုက်ခွင့်ရနေပါတယ်။ မိုချန်ပဲ နိုင်ပွဲဆက်ဖို့များတယ်။