spot_img

ဘောလုံးသမိုင်းရဲ့ ထာဝရ ဂိုးသွင်းဘုရင် ကို အမီလိုက်နိုင်ခဲ့တဲ့ ရိုနယ်ဒို

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ စီးရီးအေ ပွဲစဉ် အပြီး မှာတော့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဘောလုံး သမိုင်း တစ်လျောက် ဂိုး အများဆုံး သွင်းယူ နိုင်တဲ့ ကစား သမား တစ်ဦး ဖြစ်လာ ခဲ့ ပါပြီ ။ ဆာဆူအိုလို အသင်း ကို ၃ – ၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ ရိုနယ်ဒို ဟာ ယူဗင်တပ် အတွက် ၁ ဂိုး သွင်းပေး ခဲ့ပြီး ဂျိုဆပ် ဘီကန် ရဲ့ ဂိုး အရေ အတွက် ကို လိုက်မီ သွားခဲ့ ပါတယ် ။ ဒါဟာ ထာဝရ ဂိုးသွင်း ဘုရင် ဘွဲ့ ကို ပူးတွဲ ရယူ နိုင်ခဲ့ တာပါပဲ ။

ယူဗင်တပ် ဟာ ဒုတိယပိုင်း မိနစ် ၅၀ မှာ ဒါနီလို ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် ခဲ့ ပါတယ် ။ ဒါပေမယ့် ၈ မိနစ် အကြာ မှာပဲ ဆာဆူအိုလို ဘက်က ချေပဂိုး ပြန်သွင်း သွားခဲ့ပြီး မိနစ် ၈၀ အထိ ၁ ဖက် ၁ ဂိုးစီ သရေ ကျနေ ခဲ့ကြ ပါတယ် ။

myan789

ပွဲချိန် ၈၂ မိနစ် မှာတော့ အာရွန် ရမ်ဆေး က ယူဗင်တပ် ကို ပြန်လည် ဦးဆောင် စေခဲ့ပြီး ၉၂ မိနစ် မှာတော့ ရိုနယ်ဒို က တတိယ မြောက်ဂိုး ကို သွင်းယူ ပေးသွား ခဲ့တာပဲ ဖြစ် ပါတယ် ။ ဒီနိုင်ပွဲ ဟာ ဇယား ထိပ်ဆုံးက အေစီမီလန် နဲ့ အမှတ်မပြတ် အောင် ကြိုးစား နေတဲ့ ယူဗင်တပ် အတွက် အရေးပါတဲ့ နိုင်ပွဲ ဖြစ်ခဲ့ရ ပါတယ် ။

ရိုနယ်ဒို ကတော့ ယူဗင်တပ် အတွက် အနိုင် သေချာ စေမယ့် သွင်းဂိုးရှင် ဖြစ်ခဲ့သလို ဘောလုံး အားကစား ရဲ့ သမိုင်း တစ်လျောက် ဂိုးသွင်း အများဆုံး ကစား သမား လည်း ဖြစ်လာခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ဂျိုဆပ် ဘီကန် ရဲ့ 759 ဂိုး စံချိန် ကို လိုက်မီ နိုင်ခဲ့ တာပါ ။

နောက်ထပ် တစ်ဂိုး သွင်းလိုက်မယ် ဆိုရင်တော့ ရိုနယ်ဒို ဟာ ဘောလုံး သမိုင်း တစ်လျောက် ဂိုးသွင်း အများဆုံး ဆိုတဲ့ ဂုဏ်ပုဒ် ကို တစ်ဦးတည်း လွှဲပြောင်း ရယူ နိုင်တော့ မှာပဲ ဖြစ် ပါတယ် ။ ဒါတင် မက သေး ပါဘူး ။

ရိုနယ်ဒို ဟာ အမှတ်ပေး ပြိုင်ပွဲတွေမှာ သွင်းဂိုး ၁၅ ဂိုး ကို ၁၅ ရာသီ ဆက်တိုက် ရယူ နိုင်တဲ့ တစ်ဦး တည်းသော ကစား သမားလည်း ဖြစ်လာခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ၂၀၀၆ – ၀၇ ဘောလုံး ရာသီ မှာ မန်ချက် စတာ ယူနိုက်တက် အတွက် အမှတ်ပေး ပွဲ 17 ဂိုး သွင်းယူ ရာကနေ ယခု ၂၀၂၀ – ၂၁ ရာသီ အထိ ၁၅ ရာသီ ဆက်တိုက် မှာ ၁၅ ဂိုး နဲ့ အထက် သွင်းယူ နိုင်ခဲ့တာပဲ ဖြစ် ပါတယ် ။ ၂၀၁၄ – ၁၅ ရာသီ ကတော့ ရိုနယ်ဒို ရဲ့ အကောင်းဆုံး ရာသီ ဖြစ်ခဲ့ပြီး ရီးရဲ မက်ဒရစ် နဲ့ လာလီဂါ မှာ လိဂ် သွင်းဂိုး ၄၈ ဂိုး အထိ ရယူ နိုင်ခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ ပရော်ဖက်ရှင်နယ် သွင်းဂိုးများ အကြောင်း –

စပို့တင်း – ၅ ဂိုး
မန်ချက်စတာ ယူနိုက်တက် – ၁၁၈ ဂိုး
ရီးရဲ မက်ဒရစ် – ၄၅၀ ဂိုး
ယူဗင်တပ် – ၈၄ ဂိုး
ပေါ်တူဂီ လက်ရွေးစင် အသင်း – ၁၀၂ ဂိုး

ညာခြေ – ၄၉၁ ဂိုး ( ၆၄.၆၄% )
ဘယ်ခြေ – ၁၃၅ ဂိုး ( ၁၇.၈၁% )
ခေါင်းတိုက် – ၁၃၁ ဂိုး ( ၁၇.၂၈% )
အခြား – ၁ ဂိုး

ကစားကွက် မှ သွင်းဂိုး – ၅၆၉ ဂိုး
ပင်နယ်တီ – ၁၃၃ ဂိုး
ဖရီးကစ် – ၅၆ ဂိုး

ယူဗင်တပ် ဟာ စီးရီးအေ ၁၆ ပွဲ ကစားပြီး ချိန် မှာ ( နာပိုလီ နဲ့ ကစားရင် ပွဲကျန် ) အဆင့် ၁ က အေစီ မီလန် နဲ့ 7 မှတ် ကွာဟလို့ နေခဲ့ ပါတယ် ။ လာမယ့် အပတ် မှာတော့ ယူဗင်တပ် ဟာ အဆင့် ၂ နေရာက အင်တာ မီလန် အသင်း နဲ့ ယှဉ်ပြိုင် ကစား သွားရ မှာပဲ ဖြစ် ပါတယ် ။

ကမ္ဘာ့ ဂိုးသွင်း အများဆုံး ကစား သမား ၁၀ ဦး –
၁၀ ။ အာသာ ဖရန်းဒရစ်ချ်
၉ ။ ဖရန်စ့် ဒက်
၈ ။ အူဆီဘီယို
၇ ။ ဖရန့်ပွတ်ရှ်ကပ်စ်

၆ ။ ဂတ်မူလာ
၅ ။ ရိုမာရီယို
၄ ။ လီယွန်နယ်မက်ဆီ
၃ ။ ပီလီ
၁ ။ ဂျိုဆပ် ဘီကန်
၁ ။ ခရစ္စတီယာနို ရိုနယ်ဒို

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular