နှလုံးရောဂါကြောင့် ဘောလုံးသမားဘဝမှ အနားယူခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူးဟောင်း အဂွဲရိုးက မိမိအနေဖြင့် အနာဂတ်တွင် ဘောလုံးပြန်ကစားနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
အဂွဲရိုးသည် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်တွင် အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပြီးခဲ့ သည့် နွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
သို့သော် ဘာစီလိုနာအသင်းတွင် စမ်းသပ်ကစားနေစဉ် ကာလအတွင်းမှာပင် နှလုံးရောဂါပြဿနာ ပေါ်ပေါက်လာသည့်အတွက် အသင်းနှင့် စာ ချုပ်ဖျက်သိမ်းကာ ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။
ယခုအခါ အဂွဲရိုးက “မနေ့က ကျွန်တော် ဘောလုံးပြန်ကစားနိုုင်သေးတယ်လို့ တွေးမိခဲ့ပါတယ်။ ဆရာဝန်တွေကတော့ ကျွန်တော့်ကို (၅)လ၊ (၆)လလောက် ဘောလုံးနဲ့ မထိတွေ့ဖို့ ပြောထားပါတယ်။ ဒါပေမဲ့ ကျွန်တော် လေ့ကျင့်မှု ပြန်လုပ်ချင်နေပါတယ်။ အင်တာမိုင်ယာမီက ကမ်းလှမ်းတာကို ကျွန်တော် ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ (၂)နှစ်အ တွင်း စောင့်ကြည့်ရမှာပါ”ဟု ဆိုခဲ့သည်။