အာဆင်နယ်နှင့် ဗီလာရီးယဲလ်အသင်းတို့၏ ကစားသမားဟောင်း ကာဇိုလာက အသက် (၃၇)နှစ်ရှိပြီဖြစ်သော်လည်း ဘောလုံးဆက်ကစားလိုသေးသည်ဟု ပြောကြားခဲ့သည်။
ကာဇိုလာ သည် ပြီးခဲ့သည့်ရာသီက ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းတွင် ကစားခဲ့သူဖြစ်ပြီး ယခုလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ထို့ကြောင့် “ကျွန်တော် တံခါးတွေ ပိတ်မထားပါဘူး။ ဘောလုံးလည်း ဆက်ကစားချင်ပါသေးတယ်။ ဒါကြောင့် အခြေအနေကို စောင့်ကြည့်နေပြီး ကြံ့ခိုင်မှုကလည်း ကောင်းမွန်နေပါတယ်”ဟု ပြောကြားခဲ့သည်။