spot_img

ဘီလ်ဘာအိုနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့သည့် စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်အား စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း (၅၀)ဖြင့်ခေါ်ယူရန် ရီးယဲလ်နှင့် ဘာစီလိုနာစီစဉ်

စပိန်ထိပ်သီးကလပ် (၂)သင်း ဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့သည် ပြီးခဲ့သည့်ရက်ပိုင်းက ဘီလ်ဘာအိုအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့သည့် စပိန်လက်ရွေးစင်ကြယ်ပွင့်တောင်ပံကစားသမား နီကိုဝီလီယံစ်အား စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း (၅၀)ဖြင့်ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

အသက် (၂၁)နှစ်အရွယ်သာရှိသေးသည့် နီကိုဝီလီယံစ်သည် အစောပိုင်းက လာမည့် ၂၀၂၄ နွေရာသီတွင် ဘီလ်ဘာအိုအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ဖြင့်ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။

myan789

သို့သော် ပြီးခဲသည့် ဒီဇင်ဘာ(၁)ရက်နေ့က နီကိုဝီလီယံစ်သည် ဘီလ်ဘာအိုအသင်းနှင့် ၂၀၂၇ နွေရာသီအထိသက်တမ်းရှိမည့် (၃)နှစ်စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီး ယူရိုသန်း (၅၀)တန် စာချုပ်ဖျက်သိမ်းကြေး အချက်ပါဝင်ကြောင်းသိရသည်။

ရီးယဲလ်နှင့် ဘာစီလိုနာတို့သည် အစောပိုင်းက နီကိုဝီလီယံစ်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် အပြိုင်ကြိုးပမ်းခဲ့သလို၊ လက်ရှိအချိန်တွင် ၎င်းအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း (၅၀)ပေးချေရန်အသင့်ရှိနေကြောင်းသိရသည်။

စပိန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၁၁) ပွဲကစားပေးထားသူ နီကိုဝီလီယံစ်သည် အနာဂတ်တွင်ပိုမိုတောင်ပလာမည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဘီလ်ဘာအိုအသင်းအတွက် (၃)ရာသီတွင်း ပြိုင်ပွဲစုံ (၉၇)ပွဲကစားရာတွင် (၁၄)ဂိုးသွင်းယူကာ ဂိုးဖန်တီး မှု (၁၉)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်သည်။

ဘီလ်ဘာအိုအသင်းအကယ်ဒမီထွက် ကစားသမား နီကိုဝီလီယံစ် အားခေါ်ယူရန် မန်စီးတီးအပါအဝင် ပရီးမီးယားလိဂ်အသင်းကြီးအချို့ကလည်း ပစ်မှတ်ထားနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular