သတင်းတွေအရ ယူနိုက်တက်နည်းပြဟောင်း တန်ဟက်ဟာ တိုက်စစ်ပိုင်းနေရာအတွက် ဘိုလော့ဂ်နာစတား ဇီကာဇီးကို အလိုမရှိခဲ့ဘူးလို့ သိရပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် ၂၀၂၄ နွေရာသီတုန်းက ဘိုလော့ဂ်နာစတားကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
နယ်သာလန်သားဟာ ဘိုလော့ဂ်နာအသင်းထံကနေ ပေါင် ၃၆.၅ သန်းနဲ့ ယူနိုက်တက်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်စတားဟာ ဖူလ်ဟမ်နဲ့ပွဲဦးထွက်မှာ ပထမဆုံးဂိုးရှာဖွေနိုင်ခဲ့ပြီး အဲ့ကတည်းက ပြိုင်ပွဲစုံ ၁၄ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအနေအထားကြောင့် သူ့ရဲ့တန်ကြေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လာခဲ့သလို ပရိသတ်တွေကပါ သူ့လုပ်အားနှုန်း နဲ့ အားထုတ်မှုကို သံသယရှိလာခဲ့ပါတယ်။ The Sun သတင်းဌာနရဲ့အဆိုအရ တန်ဟက်ဟာ သူနဲ့တစ်နိုင်ငံတည်းသားကို အသင်းထံခေါ်ယူဖို့ အလိုမရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အမှန်တကယ်မှာလည်း ဘိုလော့ဂ်နာစတားကို ယူနိုက်တက်တာဝန်ရှိသူတွေဘက်က ခေါ်ယူခဲ့တာဖြစ်ပြီး တန်ဟက်ဘက်က အလိုမရှိခဲ့ဘူးလို့ သိရပါတယ်။ အသက် ၂၃ နှစ်သားအနေနဲ့ လာမယ့်နည်းပြသစ် အာမိုရင်လက်အောက်မှာ ခြေစွမ်းကောင်းတွေပြန်ရလာမလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။