spot_img

ဘိုင်ယန်မှာ ရှိစဉ်က တူချယ်နဲ့ တွေ့ဆုံခဲ့တဲ့ ညစာစားပွဲတခုမှာ ဘာတွေ ပြောခဲ့သလဲ ဆိုတာ ပြန်ပြောင်း ပြောပြလာတဲ့ ဂွာဒီယိုလာ

လာမယ့် စနေနေ့ည မှာ ဘောလုံး ပရိသတ်တွေ မျှော်လင့် စောင့်စားနေကြတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၂သင်း ဖြစ်တဲ့ ချဲလ်ဆီး နဲ့ မန်စီးတီး အသင်းတို့ ပေါ်တူဂီမြေမှာ အကြိတ်အနယ် ထိပ်တိုက် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ် ။

ဒီ ၂သင်းဟာ ဒီရာသီ ပြည်တွင်း ပြိုင်ပွဲတွေမှာ ၃ကြိမ် အထိ ထိပ်တိုက် တွေ့ဆုံထားပြီး ဖြစ်တဲ့ အတွက် ၊ တသင်းရဲ့ အထား တသင်း အတော်လေး နပ်နေကြပြီ ဖြစ်လို့ ၊ ပရိသတ်တွေကို အပြည့်အဝ ဖျော်ဖြေမှုပေးမယ့် ပွဲတပွဲ ဖြစ်လာမှာ သေချာပါတယ် ။

myan789

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားတဲ့ အပြင် ၊ ကစားသမား အင်အားနဲ့ အရည်အချင်းပိုင်း တွေမှာ မန်စီးတီး ဟာ ချဲလ်ဆီး ထက် အတိုင်းအတာ တခု အထိ အသာစီး ပိုရထားတယ် ဆိုတာ ငြင်းမရပေမယ့် ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ တပွဲတိုး အနေအထား ဖြစ်လို့ ၊ ဘယ်သူက အနိုင်ရသွားမလဲ ဆိုတာ ခန့်မှန်းရ ခက်ပါတယ် ။

ဒီရာသီ သူတို့ကို ၂ကြိမ် အနိုင်ရခဲ့တဲ့ ချဲလ်ဆီးနဲ့ ပတ်သက်ပြီး မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က ” ဘောလုံးက သူတို့ အသင်းရဲ့ ခြေထဲမှာ ရှိနေရင် ၊ သူတို့ကို ထိန်းချုပ်ရ အရမ်း ခက်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကစားသမား တယောက်နဲ့ တယောက် အရမ်း နီးနီးကပ်ကပ် ကစားနေကြလို့ပါ ။ သူတို့ အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမားတွေကလည်း ကွင်းတဖက်ခြမ်းမှာ အကောင်းဆုံး တုန့်ပြန် ကစားတတ်ကြပါတယ် ။ ”

” တချိန်တည်းမှာ သူတို့ဟာ wing-back ကစားသမားတွေနဲ့ နေရာကျဲကျဲ ကစားဖို့ ကြိုးစားလာသလို ၊ တီမို ဗာနာလို လျင်မြန်တဲ့ ကစားသမားမျိုးတွေနဲ့ ပြိုင်ဖက် ခံစစ်ကို အတွင်းအထိ ထိုးဖောက်နိုင်ဖို့ လုပ်ဆောင်တတ်ကြပါတယ် ။ ဒါ့အပြင် အထောင် တိုက်စစ်မှူးရဲ့ အနောက်မှာ မေဆင်မောင့် ၊ ပူလီဆစ် တို့လို အတိုးအလှုပ်ကောင်းတဲ့ ကစားသမားတွေနဲ့ ဝန်းရံထားတဲ့ အတွက် သူတို့ဟာ ထိန်းချုပ်ရ အရမ်း ခက်ခဲပါတယ် ။ ”

” ဒီ ကစားသမားတွေဟာ ဘောလုံး ရတာနဲ့ အရှေ့ကို ပေးပြီး တိုက်ရိုက် တိုက်စစ်ဆင်ဖို့ပဲ ကြိုးစားကြပါတယ် ။ သူတို့ရဲ့ လှုပ်ရှားမှုတွေက အလွန် ပါးနပ်မှု ရှိပါတယ် ။ ဒီနေ့ မနက်ကပဲ သူတို့နဲ့ ဗီလာ ကစားခဲ့တာကို ကျွန်တော် ပြန်ကြည့်ဖြစ်ခဲ့ပါတယ် ။ ဒီပွဲကို သူတို့ ရှုံးခဲ့ပေမယ့် ကစားပုံ ကောင်းပြီး ၊ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ”

” သူတို့ရဲ့ တိုးတက်မှုနဲ့ လျှောက်လှမ်းနေတဲ့ လမ်းစဉ်တွေက အရမ်း ကောင်းပါတယ် ။ ဒီထက် ပိုပြီး ခက်ခဲတဲ့ ပြိုင်ဖက်မျိုး ကျွန်တော် ထပ်ပြီး မျှော်မှန်းမရတော့ပါဘူး ။ ဒါကို ကျွန်တော်တို့ သိထားကြပါတယ် ။ ကျွန်တော် တို့ဟာ ကိုယ်သိထား တတ်ထားသလောက်နဲ့ သူတို့ကို အနိုင်ယူဖို့ ကြိုးစားသွားမှာပါ ။ ”

” ကျွန်တော် ကတော့ ကိုယ့်အသင်း ဘောလုံးခြေထဲမှာ ရှိနေတဲ့အချိန် ဘာလုပ်ပြနိုင်မလဲ ဆိုတာကိုပဲ ပိုပြီး စိတ်ပူမိပါတယ် ။ ပထမဆုံး နေ့ရက်ကတည်းက ကျွန်တော်တို့ ဘောလုံး ခြေထဲရှိနေတဲ့ အချိန် ချဉ်းကပ်တဲ့ နည်းစနစ်က အလုပ် ဖြစ်ခဲ့တယ် ဆိုရင် ၊ ဒီပုံစံ အတိုင်းပဲ စနေနေ့ ဗိုလ်လုပွဲ မတိုင်မီ ၂ရက်လောက် ကျွန်တော်တို့ လေ့ကျင့်ကြမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဂွာဒီယိုလာ နဲ့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်တို့ဟာ အပြင်မှာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ပိုင်ဆိုင်ထားကြပါတယ် ။ လွန်ခဲ့တဲ့ ၅နှစ်ခန့် ၊ ၎င်းတို့ ၂ဦး ဘွန်ဒက်စ်လီဂါမှာ နည်းပြ အဖြစ် ရှိခဲ့စဉ် ၊ ဒီ ရင်းနှီးမှုကို ဘယ်လို တည်ဆောက်ဖြစ်ခဲ့တဲ့ အကြောင်း ဂွာဒီယိုလာ က အခုလိုပဲ ပြန်ပြောင်း ဖွင့်ဟခဲ့ပါတယ် ။

ဂွာဒီယိုလာ က ” ဘိုင်ယန်မှာ ကျွန်တော် အလုပ်လုပ်ခဲ့စဉ်က သူနဲ့ ကျွန်တော် ညစာ တခါ အတူတူ စားဖြစ်ပါတယ် ။ မြူးနစ်မြို့က Schumann’s bar ဆိုတဲ့ စားသောက်ဆိုင်မှာပါ ။ အဲ့ဒီမှာ ကျွန်တော်တို့ ဘောလုံး အကြောင်း သက်သက် ပြောခဲ့ကြပါတယ် ။ ဒါပါပဲ ။ ဘောလုံးနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ချစ်ခြင်း မေတ္တာတွေ ၊ ကိုင်တွယ်ဖူးတဲ့ ခြေစွမ်းကောင်းတဲ့ ၊ မကောင်းတဲ့ ကစားသမား စသဖြင့် အစုံအလင် ပြောခဲ့ကြပါတယ် ။ ”

” ဘောလုံး နဲ့ ဘောလုံး အပေါ် စိတ်ဝင်စားကြတဲ့ လူတွေက ကျွန်တော်တို့ အတွက် အများကြီး အဓိပ္ပာယ် ရှိပါတယ် ။ အဲ့ဒီ စားသောက်ဆိုင်မှာ ကျွန်တော်တို့ အစားအသောက်ကောင်းနဲ့ ဝိုင်ကောင်းတွေ အတူတူ သောက်စားခဲ့ကြပါတယ် ။ အရမ်းကောင်းတဲ့ အခိုက်အတန့် တခုပါပဲ ။ ဒါဟာ အမှတ်တရကောင်း တခုပါ ။ ”

” အဲ့ဒီ အချိန်ကစပြီး ကျွန်တော်တို့ ၂ယောက်လုံး ကိုယ့်အလုပ်မှာ အသီးသီး အတွေ့အကြုံ ပိုရလာခဲ့ကြပါတယ် ။ အခုထိလည်း ကျွန်တော်တို့ အကြားမှာ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိနေပြီး ၊ တယောက် အကြောင်း တယောက် သိကြသလို ၊ ကျွန်တော်တို့ဟာ အောင်မြင်မှုကို ရချင်ကြသူတွေချည်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular