spot_img

ဘိုင်ယန်မြူးနစ်၏စံချိန်ကို လိုက်မီရန်(၂)ပွဲသာလိုတော့သော်လည်း စံချိန်များထက် မန်ချက်စတာဒါဘီကိုသာ အာရုံအပြည့်ထားသည်ဟု ဂွါဒီယိုလာ ပြောကြား

ပြီးခဲ့သည့် အဂ င်္ါနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၄-၁)ဝုလ်ဗ်ပွဲအပြီး၌ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် စံချိန်များတင်ရှိရန်စိတ်မဝင်စားဘဲ လာမည့်မန်ချက်စတာဒါဘီပွဲစဉ်ကိုသာ အာရုံအပြည့်ထားသည်ဟု ပြောကြားခဲ့သည်။

ဝုလ်ဗ်အသင်းအား အနိုင်ရရှိခဲ့ခြင်းကြောင့် မန်စီးတီးအသင်း၏ပြိုင်ပွဲစုံနိုင်ပွဲဆက်မှုမှာ (၂၁)ပွဲအထိရှိလာခဲ့ပြီဖြစ်သည်။

myan789

မန်စီးတီးအသင်းအနေဖြင့် နောက်ထပ်ပွဲစဉ် (၂)ပွဲကိုသာ အနိုင်ရရှိခဲ့ပါက ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ပြိုင်ပွဲစုံ နိုင်ပွဲဆက်မှုအများဆုံး စံချိန်တင်ထားသော ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်း၏စံချိန်ကို လိုက်မီနိုင်မည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀ ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ကစားခဲ့သော ပြိုင်ပွဲစုံ ပွဲစဉ် (၂၃)ပွဲဆက်တိုက် (၂၀၁၉-၂၀ ရာသီမှ ၂၀၂၀-၂၁ ရာ သီအထိ ပွဲစဉ်များဖြစ်ပြီး ကလပ်အသင်းခြေစမ်းပွဲများ မပါဝင်) အနိုင်ကစားခဲ့ပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ပြိုင်ပွဲစုံ နိုင်ပွဲဆက်အများဆုံး စံချိန်တင်ရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီး – ဝုလ်ဗ်ပွဲအပြီး၌ ဂွါဒီယိုလာအား မီဒီယာများက ယင်းစံချိန်ကို လိုက်မီရန် အာရုံထားနေသလားဟု မေးမြန်းခဲ့ရာ ၎င်းက လက်ရှိအချိန်တွင် မိမိအာရုံထားနေသည်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းသာဖြစ်သည်ဟု ဖြေကြားခဲ့သည်။

မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့သည် ရှေ့လာမည့် တနင်္ဂနွေနေ့တွင် မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးအသင်း၏အိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီ အိမ်ကွင်းပရီးမီးယားလိဂ်တွေ့ဆုံမှုတွင် မန်ယူအသင်းကို (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပထမအကျော့တွေ့ဆုံမှုတွင်မူ ဂိုးမရှိသရေကျထားသည်။

ဂွါဒီယိုလာက ” ကျွန်တော်တို့ လက်ရှိအချိန်မှာ အာရုံထားတာကတော့ မန်ယူအသင်းပါပဲ။ ကျွန်တော်တို့ လိဂ်ပြိုင်ပွဲပြီးဆုံးသွားမှပဲ စံချိန်မှတ်တမ်းတွေကို ပြန်ကြည့်မှာပါ။ ဒါကြောင့် အခုအချိန်မှာ မန်ယူအသင်းပဲ အာရုံထဲမှာရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက ဝုလ်ဗ်အသင်းနှင့်ကစားခဲ့သောပွဲတွင် အသင်းအတွက်ဂိုးပြတ်နိုင်ပွဲရရှိအောင်စွမ်းဆောင်ခဲ့သည့် မန်စီးတီးကစားသမားများ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ကျေနပ်မိသည်ဟုလည်းပြောကြားခဲ့သည်။ ”ကျွန်တော်တို့ ထိုက်တန်စွာအနိုင်ရခဲ့တာပါ။ တကယ်ကို အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲပါ။ သူတို့ (ဝုလ်ဗ်အသင်း)နဲ့ ကစားရတာမလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေကို ဖန်တီးနိုင်ခဲ့ပြီး အသုံးချနိုင်ခဲ့တာကြောင့် ဒီနိုင်ပွဲဟာ ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်” ဟု ဂွါဒီယိုလာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular