PSG အသင်း၏ နည်းပြ ပိုချက်တီနိုက တိုက်စစ်မှူး ဘာပေ၏ သဘောထား ပြောင်းလဲနိုင်ပြီး အသင်းတွင် ဆက်ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။
ဘာပေသည် PSG အသင်းမှ ထွက်ခွာလိုကြောင်း တရားဝင်ဝန်ခံထားသူဖြစ်ပြီး ၎င်း၏စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။
သို့သော် ပိုချက်တီနိုက ဘာပေအနေဖြင့် ၎င်း၏သဘောထားကို ပြောင်းလဲကာ အသင်းတွင် ဆက်ရှိနိုင်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
ပိုချက်တီနိုက “အသင်းက သူ့ကို ဆက်ထိန်းထားနိုင်ဖို့ အရာအားလုံးလုပ်ဆောင်သွားမှာပါ။ သူ့ရဲ့ စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်ခြေလည်း ရှိနေပါတယ်။ ဘာပေရဲ့ သဘောထားလည်း ပြောင်းလဲသွားနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဘာပေသည် လာမည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် သေချာနေပြီဖြစ်ကြောင်း ထင်ကြေးပေးခံနေရသည်။