ဘာပေအား PSG အသင်းတွင် နှစ်ပေါင်းများစွာ ဆက်ရှိနေရန် မျှော်လင့်ကြောင်း ပိုချက်တီနို ဆို

PSG အသင်းနည်းပြ ပိုချက်တီနိုက တိုက်စစ်မှူး ဘာပေအား အသင်းတွင် နှစ်ပေါင်းများစွာ ဆက်ရှိနေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေနှင့် PSG အသင်း၏လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်အပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေသည်။

myan789

သို့သော် ပိုချက်တီနိုက ဘာပေသည် PSG အသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် ၎င်းအား အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပိုချက်တီနိုက “ဘာပေကို မနှစ်သက်တဲ့သူ ဘယ်သူရှိမလဲ။ သူက အမြဲတမ်းပြုံးပျော်နေတဲ့သူဖြစ်ပြီး လူချစ်လူခင်များတဲ့သူပါ။ ဘာပေဟာ အသက် (၁၉)နှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး ဒီထက်ပိုပြီးလည်း အများကြီးတိုးတက်လာဦးမှာပါ။ သူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကောလာဟလသတင်းတွေက အများကြီးပါ။ ဒါပေမဲ့ ဘာပေအနေနဲ့ PSG အသင်းမှာ နောက်နှစ်ပေါင်းများစွာ ဆက်ရှိနေဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက အသင်းရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ဘာပေဟာ အသင်းရဲ့ အဓိကကစားသမားဖြစ်ပြီး သူ့ကို ကျွန်တော်တို့ အားကိုးပါတယ်။ သူ့အနေနဲ့ အနာဂတ်အတွက် ဆုံးဖြတ်မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဘာပေဟာ အသင်းမှာ ပျော်ရွှင်နေပြီး အသင်းရဲ့ စီမံကိန်းတွေကိုလည်း သဘောကျနေပါတယ်”ဟု ပြောကြားခဲ့သည်။

ဘာပေသည် ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလတွင် မိုနာကိုအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့လာပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၄၇)ပွဲတွင် (၁၀၆)ဂိုး သွင်းယူပေးထားသူဖြစ်သည်။

PSG အသင်းသည် ဘာပေအား စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေပြီး ၎င်းကလည်း PSG အသင်းတွင် ပျော်ရွှင်နေကာ အနာဂတ်အတွက် စဉ်းစားနေကြောင်း ပြောကြားထားသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular