spot_img

ဘာပေအနေဖြင့် အသင်းတွင် ဆက်နေလိုပါက စာချုပ်သက်တမ်းတိုးရမည်ဟု ပီအက်စ်ဂျီအသင်းအကြီးအကဲ ပြောဆို

ပီအက်စ်ဂျီအသင်းတွင် ဆက်ကစားလိုပါက ဘာပေအနေဖြင့် စာချုပ်သက်တမ်းတိုးရေးကို သဘောတူပြီး သက်တမ်းတိုးစာချုပ်ကို လက်မှတ်ရေးထိုးရန် လိုအပ်ပါကြောင်း ထို၎င်းကို ၂၀၂၄ နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရခြင်းကို အဖြစ်ခံမည်မဟုတ်ကြောင်း ပီအက်စ်ဂျီအသင်းဥက္ကဌအယ်လ်ခီလိုင်ဖီက ပြောဆိုလိုက်သည်။

ဘာပေသည် ၂၀၂၄ တွင်ပီအက်စ်ဂျီအသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိတော့ကြောင့် ပြီးခဲ့သည့်လတွင် ဘာပေက ပီအက်စ်ဂျီအသင်းထံသို့ စာဖြင့် အကြောင်းကြားခဲ့သည်။ သို့ရာတွင် ၎င်းကို စပိန်ကလပ်ရီးရဲမက်ဒရစ်အသင်းထံသို့ ရောင်းထုတ်ရန် ဖိအားပေးခြင်းမဟုတ်ကြောင်း နောက်ပိုင်းတွင် ဘာပေက ရှင်းလင်းပြောဆိုခဲ့သည်။

myan789

ပီအက်စ်ဂျီအသင်းအနေဖြင့် စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသော လက်ရှိနွေရာသီ အပြောင်းအရွှေ့တွင် ဘာပေကို ရောင်းထုတ်မည်လား သို့မဟုတ်စာချုပ်သက်တမ်းကုန်ချိန်အထိ အသင်းတွင် ဆက်ထားပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ လက်လွှတ်မည်လားဆိုသည်မှာ ရွေးချယ်စရာဖြစ်လာသည်။

ပီအက်စ်ဂျီအသင်းဥက္ကဌ အယ်လ်ခီလိုင်ဖီက “ကျွန်တော်ပြောတာက ရှင်းပါတယ်။ ဘာပေကိစ္စကို နှစ်တိုင်း ထပ်ခါထပ်ခါ မရှင်းချင်ဘူး။ ဘာပေအနေနဲ့ အသင်းမှာ ဆက်နေချင်တယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် သက်တမ်းတိုးစာချုပ်ကိုတော့ လက်မှတ်ရေးထိုးရမယ်”ဟု ပြောဆိုလိုက်သည်။

ပီအက်စ်ဂျီအသင်းသည် မနေ့ညက နည်းပြချုပ်အသစ်အဖြစ် စပိန်လက်ရွေးစင်အသင်းနည်းပြချုပ်ဟောင်း အန်နရီကေးကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ “ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်ပါဘူး။ ဘာပေက အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မထွက်ခွာချင်ဘူး လို့ ပြောခဲ့ပါတယ်။သူစိတ်ပြောင်းသွားရင်တော့မသိဘူးပေါ့ဗျာ။ ဒါပေမယ့် ပီအက်စ်ဂျီအနေနဲ့ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်ဘူးဆိုတာကတော့ သေချာပါတယ်”ဟု ခီလိုင်ဖီက ဆက်လက်ပြောဆိုလိုက်သည်။

ဘာပေသည် ပြင်သစ်လီဂူးဝမ်းတစ်နှစ်တာ ဂိုးအများဆုံးသွင်းသူဆုကို ၅ နှစ်ဆက်တိုက်ဆွတ်ခူးထားနိုင်သည်။ ပီအက်စ်ဂျီသည် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရပြီးနောက်တွင် ဘာပေကို အသင်းတွင် ဆက်ထိန်းထားနိုင်ရန် အရေးကြီးကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular