spot_img

ဘာပေက အတ္တလန်တာနဲ့ စူပါဖလားပွဲမှာ စတင် ကစားနိုင်မယ်လို့ အန်ဆယ်လော့တီ အတည်ပြု

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက အတ္တလန်တာအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ဥရောပ စူပါဖလားပြိုင်ပွဲမှသာ အသင်းအတွက် စတင် ကစားပေးနိုင်လိမ့်မယ်လို့ ရီးယဲလ်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက အတည်ပြု ပြောကြားလိုက်ပါတယ်။

ရီးယဲလ်အသင်းဟာ အသက် (၂၅)နှစ်အရွယ် ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ဘာပေလို ထိပ်တန်း ကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှတောင် အသုံးပြုစရာ မလိုအပ်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူလိုက်နိုင်ပြီး ဗင်နီစီယပ်စ် ရိုဒရီဂို ဘယ်လင်ဟမ် ဘာပေတို့နဲ့ ရီးယဲလ် တိုက်စစ်က ကြောက်ခမန်းလိလိကို ဖြစ်လာခဲ့ရပါတယ်။

myan789

ရီးယဲလ်က ဘာပေကို ခေါ်ယူလိုက်နိုင်ပေမယ့် အမေရိကန်နိုင်ငံမှာ ပြုလုပ်နေတဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာတော့ အသင်းရဲ့ ကစားသမားစာရင်းထဲ ဘာပေကို ထည့်သွင်း အသုံးပြုနိုင်ခြင်း မရှိသေးပဲ ဘာပေက ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ ဝင်ရောက် ဆင်နွဲထားရသေးတာကြောင့် လုံလောက်တဲ့ နားရက်ရအောင် အနားပေးထားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ အေစီမီလန် ဘာစီလိုနာတို့နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေထဲ ကစားသမားသစ် ဘာပေ အပါအဝင် ဘယ်လင်ဟမ် ကာမာဗင်ဂါ ချူအာမန်နီ ကာဗာဟယ်လ် ဗယ်လ်ဗာဒီ ရိုဒရီဂိုတို့လို ကစားသမားတွေကိုပါ အနားပေးထားခဲ့ပြီး ကစားသမားသစ်လေး အန်းဒရစ်ကိုသာ ဆက်တိုက် အသုံးပြုလျက် ရှိနေပါတယ်။

French superstar Kylian Mbappe join European Super Cup

ရီးယဲလ်ပရိသတ်တွေကတော့ ကစားသမားသစ် ဘာပေ ပါဝင်ကစားမှာကို မြင်တွေ့ချင်နေကြပြီး ဘာပေက လာမယ့် ဥရောပ စူပါဖလားပွဲမှာပဲ စတင် ကစားတော့မယ်လို့ အန်ဆယ်လော့တီက အတည်ပြုလိုက်ပါတယ်။ “အမ်ဘာပေအနေနဲ့ စူပါဖလားပြိုင်ပွဲမှာ စတင် ပါဝင်ကစားနိုင်တော့မယ်ဆိုတာ လုံးဝ သေချာပါတယ်။”

“ဘာပေ အပါအဝင် ဂျုဒ့် ဘယ်လင်ဟမ်နဲ့ တခြားကစားသမားတွေလည်း အဲ့ဒီပွဲမှာ ကစားကြပါလိမ့်မယ်။ သူတို့ ဒီပွဲအတွက် ပြင်ဆင်နေကြသလို အစီအစဉ်အတိုင်းလည်း လုပ်သွားမှာ ဖြစ်တဲ့အပြင် အားလုံး ပါဝင်ကစားသွားကြမှာပါ။” လို့ အန်ဆယ်လော့တီက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်နဲ့ ယူရိုပါလိဂ် ချန်ပီယံ အတ္တလန်တာတို့ဟာ လာမယ့် (၁၄)ရက်နေ့မှာပဲ ဥရောပ စူပါဖလားပြိုင်ပွဲကို ဆင်နွဲသွားကြရမှာပဲ ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular