spot_img

ဘာပေကို လာမည့်(၂)ရာသီအတွက် ယူရိုသန်း(၁၅၀)ဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် PSG အသင်း ကမ်းလှမ်းခဲ့ကြောင်း သတင်းထွက်

PSG အသင်းသည် ပြင်သစ်တိုက်စစ်မှူး ဘာပေကို သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး လာမည့်(၂) ရာသီအတွက် ယူရိုသန်း(၁၅၀)ဖြင့် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာပေသည် လာမည့်နွေရာသီတွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထိပ်တန်းလိဂ်များမှ အသင်းတစ်သင်းထံ ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်နေသည်။ လေ့လာသူအများစုက ရီးယဲလ်အသင်းထံ ရောက်ရှိလိမ့်မည်ဟု သုံးသပ်နေကြသလို၊ အကြိုသဘောတူညီမှု ရရှိထားပြီဟု မီဒီယာများစွာက ဖော်ပြနေကြသော်လည်း တရားဝင်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

myan789

ဘာပေကိုယ်တိုင်ကလည်း အသင်းသစ်သို့ ရောက်ရှိနိုင်သလို၊ လက်ရှိအသင်းတွင်လည်း ဆက်ရှိနိုင်သည်ဟု ပြောကြားခဲ့ဖူးသည်။ PSG အသင်းတာဝန် ရှိသူများသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းက ရီးယဲလ်အသင်း၏ တန်ဖိုးကြီးမားသည့် ကမ်းလှမ်းမှု ရရှိခဲ့သော်လည်း ပယ်ချခဲ့ကြောင်း သတင်းထွက်ခဲ့သည်။ ယင်းသို့ ပြုမူခဲ့ခြင်းမှာ ဘာပေကို သက်တမ်းတိုးနိုင်လိမ့်မည် ဟု ယုံကြည်ခြင်းကြောင့်ဖြစ်ကြောင်းလည်း သိရသည်။

ယခုအခါ PSG အသင်းသည် ဘာပေကို (၂)ရာသီ သက်တမ်းတိုးသွားရန် စီစဉ်နေပြီး ယင်းအတွက် စုစုပေါင်း တန်ဖိုးယူရိုသန်း(၁၅၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ သို့သော် ဘာပေသည် ကမ်းလှမ်းမှုများကို ချိန်ထိုးစဉ်းစားသွားမည်ဖြစ်ပြီး ရီးယဲလ်အသင်းထံမှ ယခုထက် ပိုမိုမြင့်မားသည့် ကမ်းလှမ်းမှုရရှိလာရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။

ဘာပေသည် စိတ်ကြိုက်ရွေးချယ်ခွင့်ရသည့် အနေအထားဖြစ်နေသောကြောင့် ယခုအချိန်အထိ ယတိပြတ်ဆုံးဖြတ်ခြင်းမရှိသေးသော်လည်း ရီးယဲလ်သို့ ပြောင်းရွှေ့ရန်သာ အလားအလာများနေသည်ဟုလည်း သုံးသပ်ခံနေရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular