spot_img

ဘာစီလိုနာအသင်းတွင် လစာမယူဘဲကစားပေးရန်အတွက် မည်သူမျှတောင်းဆိုခဲ့ခြင်းမရှိကြောင်း မက်ဆီ ပြန်လည်ရှင်းလင်း

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ ကာလက လက်ရှိကလပ် PSG အသင်းသို့ မပြောင်းရွှေ့မီ ဘာစီလိုနာအသင်းတွင် လစာမယူဘဲ ကစားပေးရန်အတွက် မည်သူမျှ တောင်းဆိုခဲ့ခြင်းမရှိကြောင်း အာဂျင်တီးနား နာမည်ကျော်တိုက်စစ်မှူး မက်ဆီက စပိန်အားကစားသတင်းစာ SPORT နှင့် အင်တာဗျူးတွင် ပြန်လည်ရှင်းလင်းခဲ့သည်။

ကတ်တလန်အခြေစိုက် RAC1 ရေဒီ ယိုနှင့် အောက်တိုဘာလအတွင်းက တွေ့ဆုံ မှုတွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက မက်ဆီ အသင်းမှထွက်သွားမှုနှင့်ပတ်သက် ပြီး “အသင်းကထွက်မယ့် ဆုံးဖြတ်ချက်ကို မက်ဆီ ပြောင်းလဲပြီး သူ လစာမယူဘဲ ကစားပေးမယ်လို့ ပြောလာတာမျိုးကို ကျွန်တော် မျှော်လင့်ခဲ့ပါတယ်။ ကျွန်တော့်ဆန္ဒသက် သက်သာဖြစ်ပြီး အားလုံးအတွက်လည်း ဖြစ် ပါတယ်။ လာလီဂါအဖွဲ့ချုပ်ကလည်း ဒါကို လက်ခံမယ်လို့ ကျွန်တော် နားလည်ထားပါ တယ်။ ဒါပေမဲ့ မက်ဆီလို နာမည်ကျော်ကစားသမားတစ်ယောက်ကို ကျွန်တော့်အနေနဲ့ ဒီလိုတောင်းဆိုဖို့ မတတ်နိုင်ခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

myan789

မက်ဆီက SPORT နှင့်အင်တာ ဗျူးတွင် လာပေါ်တာ၏မှတ်ချက်စကား ကြောင့် နာကျင်ခဲ့ရသည်ဟုလည်း ဝန်ခံသွားခဲ့သည်။ “အသင်းကနေ ကျွန်တော် ဘယ်လို ထွက်ခွာသွားရသလဲဆိုတာ ရှင်းပြပြီးသားဖြစ်သလို၊ ဒါကလည်း အမှန်တရားပါပဲ။ အသင်း မှာဆက်ကစားဖို့အတွက် ဖြစ်နိုင်တဲ့အရာအားလုံးကို ကျွန်တော် လုပ်ခဲ့ပါတယ်။ လစာမယူဘဲ ကစားပေးဖို့အတွက်လည်း ဘယ်တုန်းကမှ လာမမေးခဲ့ပါဘူး။ လစာငွေ ၅၀ ရာခိုင် နှုန်းလျှော့ချဖို့ပဲ ကျွန်တော့်ကို တောင်းဆိုခဲ့တာပါ။ ကျွန်တော့်ဘက်ကလည်း ဘာပြဿနာမှမရှိဘဲ လုပ်ပေးခဲ့ပါတယ်။ ကလပ်အသင်းကို ဒီထက်ပိုပြီးလည်း ကူညီဖို့ အသင့်ရှိနေခဲ့ပါတယ်။ ကျွန်တော်နဲ့ မိသားစုဆန္ဒက ဘာစီလိုနာမှာ ဆက်နေဖို့ပါ။ ကျွန်တော်ထွက်သွားချိန်မှာ ဥက္ကဋ္ဌက ပြောကြားခဲ့တဲ့စကားတွေကိုလည်း ပြန်ကြားခဲ့ရပါတယ်။ ဒီစကားတွေဟာ ကျွန်တော့်အတွက်လည်း နာကျင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ ဒီလိုစကားမျိုးတွေပြောဖို့ မလိုအပ်တော့ဘူးလို့ ကျွန်တော် ယူဆထားလို့ပါပဲ”ဟု မက်ဆီက အင်တာဗျူးတွင် ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular